Homeမြန်မာသတင်း
၅ ရက်အတွင်း စစ်ကိုင်းတိုင်းနှင့် ပြည်နယ် ၃ ခုတွင် မိုးထစ်ချုန်းရွာပြီး လေပြင်းတိုက်နိုင်
၅ ရက်အတွင်း စစ်ကိုင်းတိုင်းနှင့် ပြည်နယ် ၃ ခုတွင် မိုးထစ်ချုန်းရွာပြီး လေပြင်းတိုက်နိုင်
DVB
·
March 1, 2020
မြန်မာနိုင်ငံအနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့အရှိန်ကြောင့် မတ်လ ၂ ရက်ကနေ ၆ ရက်အထိ စစ်ကိုင်းတိုင်းအပါအဝင် ပြည်နယ် ၃ ခုမှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုး/ဇလဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ပါတယ်။
စစ်ကိုင်း၊ ကချင်၊ ရှမ်းနဲ့ ချင်းပြည်နယ်တွေမှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာ နိုင်တာကြောင့် အဲဒီအချိန်မှာ မိုးရွာတာနဲ့အတူ လေပြင်းတိုက်တာ၊ လေပြင်းနဲ့အတူ ထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့မိုးသီးကြွေတာတွေပါ ဖြစ်နိုင်လို့ ပြည်သူတွေအနေနဲ့ သတိပြု နေထိုင်ဖို့ ထုတ်ပြန်ပါတယ်။
ဒါအပြင် မြန်မာနိုင်ငံမှာ နွေကာလဖြစ်တဲ့အားလျော်စွာ မတ်နဲ့ဧပြီလတွေမှာ နေအပူချိန်တိုးကာ အပူပျံတက်လို့ တိမ်တွေဖြစ်ထွန်းရာကနေ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နိုင်ပြီး သူတို့ ရွေ့လျားရာတလျှောက် အခုလို မိုးလေဝသဖြစ်စဉ်ဟာ မွန်းလွဲနဲ့ညနေပိုင်းတွေမှာ ဖြစ်ပေါ်နိုင်တယ် လို့ သိရပါတယ်။