IKA Culinary Olympic 2020 ဟင်းချက်ပြိုင်ပွဲ၌ မြန်မာပြည်က Chef အဖွဲ့ ကြေးတံဆိပ်ဆုရ
DVB
·
February 19, 2020
ဂျာမနီနိုင်ငံမှာ ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၉ ရက်နေ့ထိကျင်းပတဲ့ IKA Culinary Olympic 2020 ဟင်းချက်ပြိုင်ပွဲမှာ မြန်မာပြည်က စားဖိုမှူး Chef Zin Maw Win နဲ့ Chef Chit Min Thu တို့က ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။
IKA Culinary Olympic ဟင်းချက်ပြိုင်ပွဲဟာ နိုင်ငံတကာ ဟင်းချက်ပြိုင်ပွဲကြီး တစ်ခုဖြစ်ပြီး ရှေးအကျဆုံးနဲ့ အကြီးကျယ်ဆုံးပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။
နိုင်ငံတကာက Professional Chef တွေ စိတ်ဝင်တစား လာရောက်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံး ဟင်းပွဲတွေကို ပြုလုပ်တည်ခင်းပြသတဲ့ ပွဲလည်းဖြစ်ပါတယ်။
မြန်မာ Chef Zin Maw Win ဟာ အရင်က နိုင်ငံတကာ ဟင်းချက်ပြိုင်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖူးပြီး ဆုတံဆိပ်တွေလည်း ဆွတ်ခူးခဲ့ဖူးသူ ဖြစ်ပါတယ်။
မြန်မာပြည်က Chef အဖွဲ့ဟာ ဒီပြိုင်ပွဲကို မက်ထရိုမြန်မာရဲ့ ကူညီပံ့ပိုးပေးမှုနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။