Master Chef Myanmar ဟင်းချက်ပြိုင်ပွဲ စက်တင်ဘာ ၂၀ တွင် စတင်မည်(ရုပ်သံ)
DVB
·
September 16, 2020
ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ နာမည်ကြီး Master Chef Myanmar ဟင်း ချက်ပြိုင်ပွဲကို လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ စတင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
ဒီပြိုင်ပွဲကို ရုပ်သံရှိုးအစီအစဉ်တခုအနေနဲ့ MRTV-4 ရုပ်သံလိုင်းကနေ Season 1 နဲ့ Season 2 တို့ကို ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ကာ တင်တင်ဦးနဲ့ အာကာတို့က Winner ဆုတွေ အသီးသီးရရှိခဲ့ကြပါတယ်။
ခုလာမယ့် Season 3 မှာ ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ဖို့ MasterChef Myanmar ကနေ ဖိတ် ခေါ်ထားခဲ့တာ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင် ပြိုင်ဘက်တွေကြား ဟင်းချက်စွမ်းရည် အဆင့်ဆင့်နဲ့ ယှဉ်ပြိုင်ကြရတဲ့ ဒီ အစီအစဉ်ရဲ့ Season ၂ ခုမှာ Jean Marc Lemmery ၊ ဦးရဲထွဋ်ဝင်း ၊ ဒေါ်ဖြူဖြူတင်နဲ့ Michel Louis Meca တို့က ဒိုင်တွေအနေနဲ့ အကဲဖြတ်အမှတ်ပေးခဲ့ကြတာဖြစ်ပြီး မှတ် ချက်တွေနဲ့အတူ ပရိသတ်တွေကြား လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။
ခုလာမယ့် Season 3 ကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ ထုတ် လွှင့်တင်ဆက်ပေးသွားမှာဖြစ်ပြီး ဘယ်လိုအချက်အပြုတ်စွမ်းရည်တွေနဲ့ ပြိုင်ပွဲဝင်တွေ ပေါ်ထွက်လာဦးမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။