မြေကြီးပေါ် နေထိုင်ကြရသည့် အားကိုးရာမဲ့ ရသေ့တောင်က စစ်ဘေးရှောင်များ (ဓာတ်ပုံ)
DVB
·
February 16, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ် ရွှေပါရမီ စစ်ဘေးရှောင်စခန်းကို ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်တွေဟာ အမိုးအကာအခင်းတွေ မရှိဘဲ မြေကြီးပေါ်မှာ နေထိုင်နေကြရပါတယ်။
သူတို့ဟာ ရသေ့တောင်မြို့နယ်မြောက်ပိုင်း သမီးလှ၊ ပြိန်းတော၊ မညှင်းတောင်၊ အောင်ဇေယျ စတဲ့ ကျေးရွာတွေက ဒေသခံတွေဖြစ်ပြီး မြို့ပေါ်က ရွှေပါရမီဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းမှာ ခိုလှုံရောက်ရှိနေကြတာပါ။
သူတို့ဟာ အဝတ်တထည်နဲ့ အသက်လု ထွက်ပြေးလာခဲ့ရတာမို့ ဘာမှ မပါလာခဲ့တာကြောင့် အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေကြရပြီး မြို့ပေါ်မှာ စစ်ဘေးရှောင်ဦးရေ အဆမတန် များပြားလာတာကြောင့် သူတို့အတွက် ဘာအကူအညီမှ မရသေးဘူးလို့လည်း စစ်ဘေးရှောင်တွေက ဆိုပါတယ်။