မကွေးတိုင်း မြို့နယ် ၃ ခုတွင် တရားမဝင် ဘင်္ဂါလီ ၂၀ ကျော် ဖမ်းမိ
DVB
·
February 15, 2020
မကွေးတိုင်း မင်းလှ၊ မင်းတုန်းနဲ့ ငဖဲမြို့နယ်တွေမှာ ရခိုင်ပြည်နယ်ဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီ ၂၂ ဦးကို ဖေဖော်ဝါရီ ၁၄ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ မင်းလှမြို့နယ် ရေနံမနယ်မြေစခန်းမှူး ရဲအုပ်အောင်မင်းဦးက ပြောပါတယ်။
မင်းလှမြို့နယ် လက်ပံတံခါးရွာ မြေနီလမ်းဘေးအရှေ့ဘက်မှာ ဘင်္ဂါလီ ၁၉ ဦး၊ မင်းတုန်းမြို့နယ်ထဲမှာ ဘင်္ဂါလီ ၂ ဦး၊ မင်းဘူး-အမ်းကားလမ်း ငဖဲမြို့နယ် မန်အောင်ကျေးရွာအုပ်စု၊ မရိုးကန်ရွာနားမှာ ဘင်္ဂါလီ ၁ ဦးတို့ကို ဖမ်းဆီးရခဲ့မိတာပါ။
မကွေးတိုင်းဟာ ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့အတွက် ဘင်္ဂါလီတွေကို ပွဲစားတွေက ရန်ကုန် ဒါမှမဟုတ် ရန်ကုန်ကတဆင့် မလေးရှားကို ပို့ဖို့ ခေါ်လာချိန် ဖမ်းမိတာလို့ ရဲအုပ်က ပြောပါတယ်။
ရခိုင်ပြည်နယ်က တရားမဝင် ဝင်လာတဲ့ ဘင်္ဂါလီတွေကို ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေနဲ့ မင်းလှမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။
တင်ရွှေ(မင်းဘူး)၊ ဓာတ်ပုံ-ရေနံမနယ်မြေရဲစခန်း