မင်းပြားနှင့် မတူပီမြို့တို့တွင် မြေငလျင်လှုပ်
DVB
·
February 15, 2020
ရခိုင်ပြည်နယ် မင်းပြားနဲ့ ချင်းပြည်နယ် မတူပီမြို့တို့မှာ ဒီနေ့မနက်အစောပိုင်းက ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီနေ့မနက်အစောပိုင်း ၁ နာရီကျော်လောက်က စစ်တွေ မြေငလျင်စခန်းကနေ အရှေ့မြောက်ဘက် ၄၅ မိုင်ခန့် ကွာဝေးတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့ရဲ့ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၄၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၄၈) ဒီဂရီ၊ အနက် (၁၇) ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
အလားတူ ဒီနေ့မနက် ၆ နာရီလောက်ကလည်း ချင်းပြည်နယ် မတူပီမြို့ရဲ့ မတူပီမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် ၂ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၁.၆၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၄၇ ဒီဂရီ၊ အနက် ၆၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားပါတယ်။