Home
မြန်မာသတင်း
မိတ္ထီလာမြို့နယ်တွင် လူနေအိမ်မီးလောင်ပြီး မိန်းကလေးငယ် ၁ ဦးသေဆုံး 
DVB
·
February 14, 2020
84623792_3169595613179434_625718800213344256_o
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ဇောင်ချမ်းကုန်းကျေးရွာအုပ်စု၊ မကျည်းခြောက်ရွာမှာ ဖေဖော်ဝါရီ ၁၃ ရက် နေ့လယ်က မိဘတွေမရှိခိုက် ကလေးတွေ မီးခြစ်နဲ့ ဆော့ကစားရာက လူနေအိမ်တလုံး မီးလောင်ပြီး ၃ နှစ်သမီးလေး မီးလောင်သေဆုံးတယ်လို့ မိတ္ထီလာခရိုင် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ မိတ္ထီလာခရိုင်မီးသတ်တပ်ဖွဲ့ ဒုဦးစီးမှူးဦးပြည့်ဖြိုးအောင်က "၃ နှစ်သမီးလေးက အိပ်ပျော်နေတယ်။ ၅ နှစ်အရွယ်ကလေး နှစ်ဦး မီးခြစ်နဲ့ ဆော့တာက အိမ်ထရံကို မီးလောင်တယ်။ အိပ်ပျော်နေတဲ့ ၃ နှစ်သမီးလေး မီးလောင်တယ်။ အဲမီးလောင်ဒဏ်ရာတွေကို ဆေးကုရင်း မိတ္ထီလာဆေးရုံမှာ သေဆုံးသွားတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ ကလေးမိဘတွေဖြစ်တဲ့ ကိုဇင်ကိုအောင်(၂၃နှစ်)နဲ့ ဇနီးတို့ အိမ်မှာမရှိခိုက် ၅ နှစ်အရွယ် သားအကြီးဖြစ်သူနဲ့  ၅ နှစ်အရွယ်တူဖြစ်သူတို့ မီးခြစ်နဲ့ ဆော့ကစားရာက အိမ်ထရံကို စတင် မီးစွဲလောင်ခဲ့တာပါ။ ဒီနောက် အိပ်ပျော်နေတဲ့ ၃ နှစ်သမီးလေး မရွှေစင်အောင်ပါ မီးလောင်ခံလိုက်ရပြီး အဲဒီမီးလောင်ဒဏ်ရာတွေကို မိတ္ထီလာဆေးရုံမှာသွားရောက် ဆေးကုသရင်း သေဆုံးသွားခဲ့ပါတယ်။ အကျယ် အလျား ၁၅ ပေ အနံ ၈ပေလောက်ရှိတဲ့ နေအိမ်မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်  ၃၀၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။   အဆိုပါ မီးလောင်မှုနဲ့ ပတ်သက်ပြီး မိတ္ထီလာအမှတ်(၃)ရဲစခန်းမှာ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူ အိမ်ရှင် ကိုဇင်ကိုအောင်ကို မီးပေါ့ဆမှု၊ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄-က တို့နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024