မန္တလေးတိုင်း မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်၂၉၃/၃၊ ကံကောင်းရွာအနီး ကံကောင်းရဲကင်းစခန်း ဒီဇင်ဘာ ၇ ရက် မနက်အစောပိုင်း ဗုံးပစ်တိုက်ခိုက်ခံရတာကြောင့် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဗုံးပေါက်တဲ့အသံ အကျယ်ကြီးကြားရတယ်၊ မနက်အစော ၁ နာရီလောက်က ဖြစ်သွားတာ။ ကြောက်တော့ သွားမကြည့်ရဲဘူး။ မနက်လင်းတော့မှ ပြောသံကြားရတာ ရဲ ၂ ဦးသေတယ်၊ ၃ ဦးဒဏ်ရာရသွားတယ်တဲ့။”
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို ကားနဲ့တိုက် အကြမ်းဖက်ပစ်ခတ်တာကို တုံ့ပြန်တဲ့အနေနဲ့ ခုလိုတိုက်ခိုက်တာဖြစ်ပြီး ရဲ ၃ ဦးထက်မနည်း သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မိတ္ထီလာခရိုင် လေးမြို့နယ်တပ်ပေါင်းစု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဗုံးခွဲတိုက်ခံရမှုနဲ့ ပတ်သက်ပြီး အမြန်လမ်းသက်ဆိုင်ရာ ရဲဌာနတွေကို ဖုန်ဆက်မေးမြန်းရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။