ပုသိမ်မြို့ ပြည်ထောင်စုနေ့အခမ်းအနား ဒေသခံထောင်ချီ တက်ရောက်
DVB
·
February 12, 2020
၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၁၂ ရက် မနက်ကကျင်းပရာ ဒေသခံပြည်သူတွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ပါတယ်။
အခမ်းအနားကို ဧရာဝတီတိုင်းဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ တိုင်းအတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေ၊ ကျောင်းသား/ကျောင်းသူတွေက နိုင်ငံတော်အလံနဲ့ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုခဲ့ကြပါတယ်။
ဒါ့အပြင် တိုင်းဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းမှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးအထိမ်းအမှတ် (၅)ကီလိုမီတာအပြေးပြိုင်ပွဲနဲ့ အားကစား ပြိုင်ပွဲကို ကြည့်ရှုအားပေးပြီး ဆုရရှိသူများကို ဆုတွေအသီးသီး ချီးမြှင့်ပေးခဲ့ပါတယ်။
သတင်း-မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - စန်းမြင့်