ပဲခူးမြို့တွင် ပြည်ထောင်စုနေ့ အခမ်းအနားနှင့် ပြခန်းများ ခင်းကျင်းပြသ
DVB
·
February 12, 2020
(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီး ဒီကနေ့မနက် ပဲခူးမြို့ရွှေမော်ဓောဘုရားအနောက်ဘက်မုဒ် ယာဉ်ရပ်နားဝင်းမှာ ကျင်းပပါတယ်။
အဲဒီအခမ်းအနားကို ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝန်ကြီးတွေ လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ တိုင်းရင်းသားတွေ အပါအဝင် ဒေသခံပြည်သူ ၃၅၀၀ ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။
အဲဒီအခမ်းအနားမှာ ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်း၊ အစိုးရအဖွဲ့ရဲ့ဆောင်ရွက်ချက် ပြခန်း၊ ဌာနဆိုင်ရာများရဲ့ဌာနအလိုက်ကျန်းမာရေးပြခန်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းပြခန်း၊ ပညာရေးပြခန်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာပြခန်း စတာတွေလည်း ဖွင့်လှစ်ပြသထားပါတယ်။
ဒါ့အပြင် မွေးမြူရေးဌာနက အိမ်မွေးတိရ စ ္ဆာန်ခွေးနဲ့ ကြောင်ကောင်ရေ ၂၀၀ ကို ခွေးရူးပျံရောဂါ ကာကွယ်ဆေးထိုးပေးတာ၊ အပြေးပွဲပြိုင်ပွဲတွေ ကျင်းပပေးတာနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အသိပညာပေး လက်ကမ်းစာစောင်တွေဖြန့်ဝေပေးပါတယ်။
သတင်း- အောင်စိုးမိုး