Home
မြန်မာသတင်း
ပြည်ထောင်စုနေ့ကို ဂုဏ်ပြုပြီး မင်းလှမြို့တွင် နွားလှည်းပြိုင်ပွဲကျင်းပ
DVB
·
February 12, 2020
85056910_2690597397893208_4676806252439797760_o
84494864_2690597537893194_2572624782545649664_o
84745024_2690597584559856_8390157418041966592_o
84270341_2690597307893217_5428971200539787264_o
83965456_2690597257893222_2063537979623735296_o
83430300_2690597361226545_6654905267982958592_o
၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မကွေးတိုင်းဒေသကြီး မင်းလှမြို့မှာ နွားအလှပြိုင်ပွဲ ခေါ်တဲ့ နွားလှည်းပြိုင်ပွဲ ကျင်းပပါတယ်။ မင်းလှမြို့နယ်မှာ နွားအလှပြိုင်ပွဲတွေဟာ ကွယ်ပျောက်လုနီးပါးဖြစ်နေပြီး မကျင်းပနိုင်ခဲ့တာ ၃၆ နှစ်လောက် ရှိနေပြီဖြစ်ပါတယ်။ အခုနှစ်မှာတော့ မင်းလှမြို့ရဲ့စက်မှုသီးနှံ စိုက်ပျိုးရေးဦးစီးဌာနရုံးရှေ့ကွင်းပြင်မှာ ဖေဖော်ဝါရီ ၈ ရက်နေ့က စတင်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ ၅ရက်တိုင်တိုင် ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ မင်းလှမြို့ တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းမိုးက “ကျနော်တို့မြို့နယ် အနယ်နယ် အရပ်ရပ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက နွားပြိုင်ပွဲတွေ လုပ်ချင်တယ်။ ပြဿနာမဖြစ်အောင် ဆောင်ရွက်ပေးပါဆိုလို့ ဌာနဆိုင်ရာကြီးကြပ်မှုတွေယူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးအကူအညီယူ ပြီးတော့ တောင်သူတွေပျော်ပွဲ‌ကို စီစဥ်ဆောင်ရွက်တာပါ။ အခုလိုဆောင်ရွက်တာကလည်း ပြည်ထောင်စုနေ့အထိမ်းအမှတ်နေ့မှာ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုရာရောက်တယ်။ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ စီစဉ်တိုင်ပင်ပြီးတော့ ဒီပွဲကို ကျင်းပရတာပါ။ နွားအလှပြိုင်ပွဲအသင်းဝင်တွေ အသင်းဝင်ပေါင်း ၄၀ ကျော်ရှိပါတယ်။ ဆုပေးမယ့် အစီအစဉ်ကတော့ တောင်သူတွေပျော်ဖို့ လုပ်တာ ဖြစ်တဲ့အတွက် ပြိုင်ပွဲတစ်ပွဲကို ကျပ် ၅၀၀၀ ကျော်နဲ့ ကျပ် ၁၀၀၀၀ ကျော် ကြားထဲမှာပေးပါတယ်။ နွားအတန်းအစားအလိုက်ပေါ့။ နွားကြီး၊ နွားလေးခွဲခြားပေးပါတယ်”လို့ ပြောပါတယ်။ ပွဲစီစဉ်သူတွေကတော့ နောက်နှစ်တွေမှာ နွားအလှပြိုင်ပွဲတွေကို ဆက်လက်ကျင်းပ ပြုလုပ်သွားချင်တဲ့ စိတ်ဆန္ဒရှိနေကြပြီးပြိုင်ပွဲလာပရိသတ်တွေကိုလည်း တဦးနဲ့တဦး ခိုက်ရန်ဒေါသ မဖြစ်ကြစေဖို့ အထူးသတိပြုထိန်းသိမ်းနေတယ်လို့ ​သိရပါတယ်။ သတင်း- တင်ရွှေ(မင်းဘူး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024