Home
မြန်မာသတင်း
မြေကွက်များ ထပ်ရောင်းမည်ဟု ရန်ကုန်တိုင်းအစိုးရ ကြေညာ
DVB
·
February 8, 2020
Land Applying Yangon Government
ရန်ကုန်တိုင်းထဲ မြို့နယ် ၉ ခုနဲ့ တခြားနေရာတွေက မြေကွက်တွေ ထပ်ပြီးရောင်းချမယ်လို့ တိုင်းအစိုးရက ကြေညာလိုက်ပါတယ်။ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ ဆိပ်ကမ်းမြို့နယ်၊ ဒလ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ လှိုင်သာယာ၊ ဆိပ်ကြီးခနောင်တိုနဲ့ ကျောက်တန်းမြို့နယ်တို့မှာ ရှိတဲ့ မြေကွက်တွေကို ရောင်းချမှာ ဖြစ်ပါတယ်။ တိုင်းအစိုးရက စီမံခွင့်ရှိတဲ့မြေတွေဖြစ်ပြီး လူနေထိုင်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ သတ်မှတ် စည်ပင်စရိတ်ပေးသွင်းပြီး အသုံးပြုခွင့်ရမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း တိုင်းအစိုးရက မြေကွက်တွေ ရောင်းချပေးခဲ့ပြီး လျှောက်လွှာတစောင်ကို ကျပ် ၁ သောင်းနဲ့ ရောင်းချခဲ့တာကြောင့် ဝေဖန်ခံခဲ့ရလို့ ဒီတကြိမ်မှာတော့ လျှောက်လွှာတွေကို တိုင်းအစိုးရ ဝက်ဘ်ဆိုက်ကနေ အခမဲ့ရယူနိုင်ပြီဖြစ်ပါတယ်။  လျှောက်လွှာတွေဖြည့်စွက်ပြီးရင် နီးစပ်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးတို့မှာ မတ်လ ၆ ရက် နောက်ဆုံးထား တင်သွင်းရမှာဖြစ်ပါတယ်။ လျှောက်လွှာမှာ မြေကွက်တွေအတွက် အဆိုပြုဈေးနှုန်းကို ဖော်ပြပေးရမှာဖြစ်ပြီး မြို့နယ်အလိုက် ရန်ကုန်တိုင်း ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ ဈေးနှုန်းကို အခြေပြုတယ်လို့ ဆိုပါတယ်။ လက်ရှိကြေညာထားတာမှာ စုစုပေါင်း မြေဧက ၆၀၀ လောက်ပါပြီး တခြား လျှောက်ထားချင်တဲ့ မြေကွက်တွေကိုလည်း အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ မြေအသုံးပြုခွင့်ရသူတွေဟာ အကြောင်းကြားခံရတဲ့နေ့ကနေ ၂ လအတွင်း ငွေအကြေချေရမှာဖြစ်ပြီး မြေဝယ်ယူခွင့်ရပြီး ၆ လအတွင်းမှာပဲ အိမ်ဆောက်တာ၊ လုပ်ငန်းစတင်တာတွေ လုပ်ရမှာပါ။ ၃ နှစ်အတွင်း အမည်ပြောင်းတာ၊ ရောင်းတာတွေ မလုပ်ရဘဲ စည်းကမ်းလိုက်နာဖို့ ပျက်ကွက်ရင်တော့ မြေကိုရော၊ မြေပေါ်က အဆောက်အအုံကို ပြန်သိမ်းယူမှာဖြစ်ပြီး ငွေကိုတော့ ပြန်ပေးမှာ မဟုတ်ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024