ကရင်ရိုးရာမီးပုံပွဲ ကျုံဒိုးမြို့တွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
February 8, 2020
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ အမှတ် ၁ ရပ်ကွက်မှာ ၁၉၄ ကြိမ်မြောက် ကရင်ရိုးရာ နယ်လုံးကျွတ်မီးပုံပွဲကြီးကို ကျင်းပခဲ့ပြီး လူသိန်းချီ လာရောက်ခဲ့တယ်လို့ သိရပါတယ်။
တပို့တွဲလပြည့်နေ့မနက် အရုဏ်တက်မှာ မီးပူဇော်တာနဲ့ သံဃာတော်တွေထံမှာ ငါးပါးသီလခံယူခဲ့ကြပါတယ်။
ကရင်ရိုးရာ နယ်လုံးကျွတ်မီးပုံပွဲကြီးမှာ ရိုးရာအယူရှိသူတွေက စိုက်ပျိုးရေး၊ စီးပွားရေးကောင်းမွန်လာရေးနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းတာတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။
ကရင်ရိုးရာ နယ်လုံးကျွတ်မီးပုံပွဲကြီးကို ကျုံဒိုးမြို့မှာ ပင်တိုင်ပြုလုပ်ပြီး မြဝတီခရိုင် ကွင်း ကလေးရွာနဲ့ ဘားအံမြို့ တောင်ကလေးရွာမှာလည်း ကရင်ရိုးရာမီးပုံပွဲ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။