တရုတ်နယ်စပ် လုံးဝပိတ်ပစ်ရေး ဟောင်ကောင် ကျန်းမာရေးဝန်ထမ်းများ ၃ ရက်မြောက် ဆန္ဒပြ
DVB
·
February 5, 2020
ဟောင်ကောင်နဲ့တရုတ်ပြည်မကြီး နယ်စပ်လုံးဝပိတ်ပစ်ရေး ဆန္ဒပြပွဲကို ၃ ရက်မြောက်အဖြစ် ဖေဖော်ဝါရီ ၅ ရက်က ဟောင်ကောင် ဗဟိုအစိုးရရုံး အပြင်ဘက်မှာ ကျန်းမာရေးဝန်ထမ်း အယောက် ၂၀၀ ထက်မနည်း တောင်းဆို ဆန္ဒပြပါတယ်။
လွန်ခဲ့တဲ့ ၁၇ နှစ်က ဆားစ်ရောဂါလူနာတွေကို ကုသခဲ့တဲ့ ဓာတ်မှန်ရိုက်သူတဦးကလည်း ဆားစ်ရောဂါဖြစ်ကတည်းက ဟောင်ကောင်မှာ ဆေးရုံပစ္စည်းတွေ ပိုမိုလုံလောက် ကောင်းမွန်လာတာ မရှိဘူးလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသက် ၃၉ နှစ်အရွယ် အမျိုးသားတဦး သေဆုံးပြီးနောက် ဒီလို ဆန္ဒပြပွဲတွေ ပေါ်ပေါက်တာလည်း ဖြစ်ပါတယ်။ အဲဒီအမျိုးသားဟာ ဇန်နဝါရီလတုန်းက ရောဂါစဖြစ်တဲ့ ဝူဟန်မြို့ကို သွားရောက်ခဲ့ပါတယ်။
တရုတ်ပြည်မကြီးနယ်စပ် ၄ ခုကို ထပ်ပိတ်တယ်လို့ ဖေဖော်ဝါရီလ ၃ ရက်မှာ ဟောင်ကောင် အာဏာပိုင်တွေက ကြေညာလိုက်ပေမယ့် အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ မကာအို-ကျူဟိုင်-ရှန်းဇန်တို့နဲ့ ဆက်သွယ်ထားတဲ့ တံတားကို ဆက်ဖွင့်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။