Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်စစ်ဆေး
DVB
·
January 28, 2020
Coranas Virus Fever Screening at TaMu Gates 1
Coranas Virus Fever Screening at TaMu Gates 01
အိန္ဒိယ-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့ရှိ နယ်စပ်ဝင်ထွက်ပေါက်တွေမှာ ကိုရိုနာဗိုင်းရပ်စ် (ဝူဟန်ဗိုင်းရပ်စ်) ရောဂါကာကွယ်ရေးကို စောင့်ကြည့်စစ်ဆေးမှုတွေ စတင်ပြုလုပ်နေပါတယ်။ တမူးမြို့မှာ ဝူဟန်ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ တားဆီးရေးလုပ်ငန်းတွေကို အိန္ဒိယ-မြန်မာ သံတံတားဂိတ်နဲ့ နံပတ် ၂  ဂိတ်တွေမှာ ဝင်ထွက်သွားလာသူတွေကို မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ အဖျားရှိ၊ မရှိ စစ်ဆေးပြီး အဖျားမရှိမှသာ တမူးမြို့ထဲကို ဝင်ခွင့်ပေးသွားမယ်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦးက ပြောပါတယ်။ တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားတဲ့ ဝူဟန်ဗိုင်းရပ်စ်ဟာ ဒေသတွင်းနဲ့ ကမ္ဘာ့နိုင်ငံတွေကို ပျံ့နှံ့ဖြစ်ပွားနေရာမှာ မြန်မာပြည်ထဲကို ဝင်မလာနိုင်အောင် တမူးနယ်စပ်ဖြစ်တဲ့ ဝင်ပေါက်တွေကို ဇန်နဝါရီ ၂၇ ရက်ကစပြီး ဖေဖော်ဝါရီလကုန်အထိ တမူးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်ကြီးနဲ့တကွ  ကျန်းမာရေးဝန်ထမ်းတွေ ပူပေါင်းပြီး စစ်ဆေးသွားမယ်လို့ သိရပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်မှာ စောင့်ကြည့်စစ်ဆေးမှုတွေအရ အဖျားရှိပြီး ဝင်လာသူ တဦးမှ မရှိသေးဘူးလို့ သိရပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် သတင်းများ အချိန်နှင့်တပြေးညီ စုစည်းတင်ဆက်မှု LIVE Updates: ==> http://burmese.dvb.no/archives/368575
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024