လက်ကျန် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် အမြန်ဆုံးပေးရန် ဆန္ဒပြ
DVB
·
January 25, 2020
လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့် အမြန်ဆုံးပေးဖို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက အင်းစိန်ထောင်ရှေ့မှာ ဇန်နဝါရီ ၂၅ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးပြီး ဖြစ်တယ်လို့ သမ္မတက ပြောကြားထားပေမယ့် လက်ကျန်နိုင်/ကျဉ်းတွေ ကျန်ရှိနေသေးတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဆန္ဒပြသူတွေက အကျဉ်းထောင်အသီးသီးက အကျဉ်းသူ အကျဉ်းသားတွေ ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ခေတ်နဲ့လျော်ညီသော အကျဉ်းထောင်ဥပဒေ အမြန်ဆုံးပြင်ဆင်ရေး၊ ပြစ်မှုပြစ်ဒဏ်မမျှ အကျဉ်းခံနေရသော အထွေထွေ အကျဉ်းသူ အကျဉ်းသားတွေကို စိစစ်လွှတ်ပေးရေး၊ မတရားဖမ်းဆီးမှု လျှော့ချရေးနဲ့ တရားသူကြီးများ အဂတိကင်းစင်ရေး စတဲ့အချက်တွေကို ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြပါတယ်။
နေလင်းအောင်