ရန်ကုန်မြို့ အတွင်းဝန်ရုံး နှစ် ၁၃၀ ပြည့်အထိမ်းအမှတ်ပွဲ ကျင်းပ (ဓာတ်ပုံ)
ထွန်းထွန်းသိန်း
·
December 14, 2019
ရန်ကုန်မြို့ အတွင်းဝန်ရုံး (ဝန်ကြီးများရုံး) ရဲ့ နှစ် ၁၃ဝ ပြည့် အထိမ်းအမှတ်ပွဲကို ဒီဇင်ဘာ ၁၄ ရက်နေ့ကစပြီး ၁၅ ရက်နေ့အထိ အတွင်းဝန်ရုံးမှာ ကျင်းပနေပါတယ်။
ဝန်ကြီးများရုံးကို ၁၈၈၉ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ နှစ်ပေါင်း ၁၃ဝ ပြည့်ခဲ့ပါတယ်။
ဝန်ကြီးများရုံးဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကတ်ဘိနက်အဖွဲ့ဝင်ဝန်ကြီး ၇ ဦး၊ သက်တော်စောင့် ၁ ဦး စုစုပေါင်း အာဇာနည် ၉ ဦး လုပ်ကြံခံခဲ့ရတဲ့ နေရာလည်း ဖြစ်ပါတယ်။
အတွင်းဝန်ရုံး(ဝန်ကြီးများရုံး) ရဲ့ နှစ် ၁၃ဝ ပြည့် အထိမ်းအမှတ်ပွဲမှာတော့ ဈေးရောင်းပွဲတော်၊ ပန်းချီပြခန်းတွေ၊ ရှေးဟောင်းကားပြပွဲတွေ ပါဝင်ပြသနေပြီး စကားဝိုင်းနဲ့ ဖျော်ဖြေပွဲတွေလည်း ပါဝင်ကျင်းပနေပါတယ်။