ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံနေကြသည့် ရန်ကုန်မြို့က လူပင်လယ်မြင်ကွင်း
ပြည့်ဘုန်းအောင်
·
December 10, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ မြန်မာနိုင်ငံကိုယ်စား သွားရောက်တရားရင်ဆိုင်နေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်သူ ပြည်သားတွေက အားပေးထောက်ခံပွဲကို ဒီနေ့ ဒီဇင်ဘာ ၁၀ ရက် က ရန်ကုန်မြို့တော်ခန်းမရှေ့ မှာ ပြုလုပ်ပါတယ်။
ရန်ကုန်မြို့လယ်ကောင်မှာ ကျင်းပတဲ့ လူထုထောက်ခံပွဲကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင် ၄ ခရိုင်က ပြည်သူလူထုတွေက လမ်းကြောင်းလေးခုနဲ့ ချီတက်လာတာဖြစ်ပြီး ထောက်ခံပွဲမှာ လူဦးရေ ထောင်နဲ့ချီတက်ရောက်ခဲ့တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနို်ငငံက တရားစွဲထားတဲ့အမှုကို နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ် မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJမှာ ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကစပြီး ၁၂ရက်ထိ ကြားနာ စစ်ဆေးမှာပါ။