နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၁၄၀၀ နီးပါး ဝင်ရောက်
DVB
·
December 3, 2019
၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ နိုဝင်ဘာ ၂၉ ရက် အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၁ ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၄ ခုကို အတည်ပြု ခွင့်ပြုပေးခဲ့တယ်လို့ မြန်မာနိုင်ငံရင်းနှီမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်က ပြောပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိ မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၁,၃၉၂ ဒသမ ၆၂၉ သန်း ရှိတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ လျှပ်စစ်အခန်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှုအခန်းကဏ္ဍနဲ့ ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍတွေမှာလည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဝင်ရောက်လာဖို့ မျှော်လင့်တယ်လို့လည်း ဝန်ကြီးဦးသန့်စင်က ပြောပါတယ်။
လာမယ့် ဒီဇင်ဘာလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာလည်း တနင်္သာရီတိုင်းဒေသကြီးမှာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကျင်းပပြီး ပြည်တွင်း ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ဖို့ ရှိနေပါတယ်။
နူးရာ