နေရပ်ပြန် စစ်ရှောင်များ၏ ကျေးဇူးတော်ချီးမွမ်းပွဲ (ဓာတ်ပုံ)
DVB
·
December 1, 2019
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါကျေးရွာမှာ နေရပ်ပြန်စစ်ရှောင်များရဲ့ ကျေးဇူးတော်ချီးမွမ်းပွဲကို နိုဝင်ဘာ ၃၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အဆိုပါ မုန်းဒိန်ပါကျေးရွာဟာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး ၂၀၁၃ အောက်တိုဘာ ၂၈ ရက်နေ့က တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ တိုက်ပွဲပြင်းထန်လာတာကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
အခုအခါ နယ်မြေလုံခြုံမှု ပြည့်အဝမရသေးပေမယ့် ဒေသခံအချို့ အရဲစွန့်ကာ လယ်ယာစိုက်ပျိုးလုပ်ကိုင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးဇူးတော်ချီးမွမ်းပွဲကို နေရပ်ပြန်စစ်ရှောင်များနဲ့ နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်များ ပူးပေါင်းကျင်းပခဲ့ကြတာပါ။
မုန်းဒိန်ပါကျေးရွာမှာ ကျေးဇူးတော်ချီးမွမ်းပွဲကို ခြောက်နှစ်အကြာမှာမှ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
Photo - Hpauyam La Awng / MPA