ပျောက်ဆုံးဒုတပ်ကြပ်ဇနီးမောင်နှံ ဘေးကင်းရန် ပြည်တွင် ဘာသာပေါင်းစုံ ဆုတောင်း
မင်းညို
·
November 30, 2019
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ပျောက်ဆုံးနေတဲ့ ဒုတပ်ကြပ်တို့ ဇနီးမောင်နှံ ဘေးကင်းစေဖို့ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို သွေးလှူရှင်အဖွဲ့တွေက ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့မှာ နိုဝင်ဘာ ၂၉ ရက်က ကျင်းပခဲ့ပါတယ်။
ဒုတပ်ကြပ် အောင်ကိုဝင်းဟာ သွေးလှူရှင်များအဖွဲ့ဝင်တဦးဖြစ်ပြီး သူတို့ဇနီးမောင်နှံဟာ နိုဝင်ဘာလ ၂၂ ရက်နေ့က ကျောက်တော်ဈေးကို ဈေးဝယ်ဖို့သွားရင်း ပျောက်သွားခဲ့တာပါ။
ဒုတပ်ကြပ်အောင်ကိုဝင်းနဲ့ဇနီး မဇာခြည်အေးတို့ ဘေးကင်းပြီး အိမ်ပြန်လာနိုင်စေဖို့ ရည်ရွယ်ပြုလုပ်တာလို့ သွေးလှူရှင်အဖွဲ့တဖွဲ့က ပြောပါတယ်။