Home
မြန်မာသတင်း
အပြည်ပြည်ဆိုင်ရာတရားရုံးတွင် သွားရောက်ဖြေရှင်းမည့် နိုင်ငံတော်အတိုင်ပင်ခံအား ထောက်ခံပွဲ ပြုလုပ်
Aung Ko Latt
·
November 24, 2019
Together with the State Counsellor at MonYwa 7
Together with the State Counsellor at MonYwa 6
Together with the State Counsellor at MonYwa 5
Together with the State Counsellor at MonYwa 4
Together with the State Counsellor at MonYwa 3
Together with the State Counsellor at MonYwa 2
Together with the State Counsellor at MonYwa 1
ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားစွဲဆိုထားတာတွေနဲ့ပတ်သက်လို့ ကန့်ကွက်ရှုတ်ချကြောင်းနဲ့ သွားရောက်ဖြေရှင်းမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်းပြသတဲ့ပွဲကို  မုံရွာမြို့မှာ ဒီနေ့မနက် စည်ကားစွာပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒါ့အပြင် မုံရွာမြို့ရှိ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။ ဒီပွဲက မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ပွဲလည်း ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး လာမယ့် ဒီဇင်ဘာလအတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ကာ သွားရောက်ဖြေရှင်းမှာလည်း ဖြစ်ပါတယ်။
ဒီလို ဆန္ဒထုတ်ဖော်ရတာဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဦးဆောင်မှုနောက်မှာ ပြည်သူတွေ တသားတည်း ရှိနေတယ်ဆိုတာကို ပြသတဲ့အနေနဲ့ ကျင်းပပြုလုပ်ရတာလို့ ပွဲစီစဉ်သူ မုံရွာမြို့ခံ အရပ်ဘက်အဖွဲ့စည်းတွေက ဆိုပါတယ်။ အခုလို ထောက်ခံပွဲတွေကို မုံရွာမြို့မှာသာမက တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024