ရေးမြို့၌ ဆိုင်ကယ်အိတ်ဇောပိုက်တပ်ဆင်မောင်းနှင်သူများကို အရေးယူ
DVB
·
November 16, 2019
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ပါဝါအိတ်ဇောပိုက် တပ်ဆင်မောင်းနှင်တဲ့ မော်တော်ဆိုင်ကယ်တွေကို အရှိန်မြှင့် လှုပ်ရှားမှုတရပ်အနေနဲ့ ထိရောက်စွာ အရေးယူနေတယ်လို့ မြို့နယ်ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက ပြောပါတယ်။
ပါဝါအိတ်ဇောပိုက်တပ်ဆင် မောင်းနှင်လာတဲ့အခါ လူတွေ ညအိပ်ချိန် အသံကျယ်လောင် ဆူညံသံတွေက ပတ်ဝန်းကျင်တခုလုံး စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အပြင် ယာဉ်အန္တရာယ်တွေ ဖြစ်စေသလို စိုးရိမ်ထိတ်လန့်တာတွေလည်း ဖြစ်နေကြလို့ ဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက တာဝန်ရှိသူတဦးက ပြောပါတယ်။
ပါဝါအိတ်ဇောပိုက် တပ်ဆင်မောင်းနှင်တဲ့သူတွေကို အနိမ့်ဆုံး ငွေဒဏ်ကျပ် ၃ သောင်းကနေ အမြင့်ဆုံးကျပ် ၅၀ သိန်းအထိ အပြင် ထောင်ဒဏ် ၃ လ နဲ့ ငွေကျပ် ၁ သိန်း ဒဏ် ၂ ရပ်လုံး ကျခံရမယ်လို့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။