အင်းစိန်ထောင်က အကျဉ်းသားများကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကျွေးမွေးလှူဒါန်း
DVB
·
November 11, 2019
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ အင်းစိန်အကျဉ်းထောင်ကို ဇနီးဖြစ်သူနဲ့အတူ သွားရောက်ပြီး အကျဉ်းကျနေသူတွေကို ကျွေးမွေးလှူဒါန်းပါတယ်။
ဒါ့အပြင် အကျဉ်းထောင်ကို စစ်ဆေးခဲ့သေးတယ်လို့ ဦးဖြိုးမင်းသိန်းရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ် လူမူကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပြီး အကျဉ်းသူတွေနဲ့ ကလေးမိခင်အကျဉ်းသူတွေကိုလည်း အစားအသောက်၊ ဆေးဝါးနဲ့ ပစ္စည်းတွေ လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။
ဓာတ်ပုံ - Phyo Min Thein facebook