Homeမြန်မာသတင်း
ဖီဖာဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဆီယံခေါင်းဆောင်များကို ဘောလုံးအင်္ကျီများ ပေးအပ်
ဖီဖာဥက္ကဋ္ဌက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဆီယံခေါင်းဆောင်များကို ဘောလုံးအင်္ကျီများ ပေးအပ်
DVB
·
November 3, 2019
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဋ္ဌ ဂျာနီ အင်ဖန်တီနိုက ဘောလုံးတီရှပ် အင်္ကျီတွေ အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့က ပေးအပ်ခဲ့တာဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့နာမည်ပါတဲ့ ကျောနံပါတ် ၉ တီရှပ်ကို လက်ခံရယူခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ အားကစားနဲ့ပညာရေး ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့်ရေးအတွက် ဖီဖာဥက္ကဋ္ဌနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါ့အပြင် ဖီဖာဥက္ကဋ္ဌက အာဆီယံဒေသတွင်း နိုင်ငံတွေကို အားကစားနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေမှာ ရင်းနှီးမြှုပ်နှံကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။ မြန်မာ အပါအဝင် အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတက်ဖို့အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတာပါ။