Home
မြန်မာသတင်း
ချောက်၊ မြင်းခြံ၊ ရမည်းသင်း၊ ကိုကိုးကျွန်းနှင့် ဂန့်ဂေါမြို့တို့တွင် အမြင့်ဆုံး အပူချိန်စံချိန်သစ်တင်
DVB
·
November 2, 2019
High Temperature
ချောက်၊ မြင်းခြံ၊ ရမည်းသင်း၊ ကိုကိုးကျွန်းနဲ့ ဂန့်ဂေါမြို့တွေမှာ နှစ် ၅၀ ကျော်အတွင်း နိုဝင်ဘာလ ၁ ရက်နေ့ တိုင်းထွာချက်အရ ကာလတူ အပူချိန်ဟာ စံချိန်သစ်တင်သွားတယ်လို့ မိုးဇလဌာနက  နိုဝင်ဘာလ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ချောက်မြို့နယ်မှာ နှစ်ပေါင်း ၅၂ နှစ်အတွင်း ၄၁ ဒသမ ၂ ဒီဂရီစင်တီဂရိတ်၊ မြင်းခြံမြို့နယ်မှာ နှစ်ပေါင်း ၅၄ နှစ်အတွင်း ၃၈ ဒသမ ၂ ဒီဂရီစင်တီဂရိတ်၊ ရမည်းသင်းမြို့နယ်မှာ နှစ်ပေါင်း ၅၅ နှစ်အတွင်း ၃၆ ဒသမ ၆ ဒီဂရီစင်တီဂရိတ်၊ ကိုကိုးကျွန်းမြို့နယ်မှာ နှစ်ပေါင်း ၆၀ အတွင်း ၃၅ ဒသမ ၇ ဒီဂရီစင်တီဂရိတ်နဲ့  ဂန့်ဂေါမြို့နယ်မှာ နှစ်ပေါင်း ၅၅ နှစ်အတွင်း ၃၅ ဒသမ ၄ ဒီဂရီ စတင်တီဂရိတ်နဲ့ အမြင့်ဆုံးအပူချိန်စံချိန်သစ်တွေ တင်သွားတာပါ။ ဓာတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024