Home
မြန်မာသတင်း
ယာဉ်မတော်တဆဖြစ်ပြီး ကားခေါင်းအတွင်း ညပ်နေသူ ၂ ဦးကို မီးသတ်တပ်ဖွဲ့ ကယ်ထုတ်
DVB
·
November 2, 2019
Car accident save by fire service
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-အေးသာယာအဆင်းလမ်း၊ မိုင်တိုင်အမှတ် (၁၁၁/၆)နှင့် (၁၁၁/၇) ကြားမှာ နိုဝင်ဘာ ၁ ရက်မနက်ပိုင်းက ယာဉ်တစီး တောင်နံရံနဲ့ တိုက်မိပြီး ကားခေါင်းထဲ ညပ်နေသူ ၂ ယောက်ကို မီးသတ်တပ်ဖွဲ့က ကူညီ ကယ်ထုတ်ခဲ့ပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က FUSO (အဖြူရောင်)ယာဉ်ဟာ ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တောင်နံရံကို တိုက်မိ တိမ်းမှောက်ပြီး ကားခေါင်းခန်းမှာ လူ ၂ ယောက် ညှပ်နေကြောင်း သတင်းအရ သွားရောက်ကယ်ထုတ်ခဲ့တာလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ပါတယ်။ ဒဏ်ရာရရှိသူ ၂ ယောက် (မစိုးရိမ်ရ) အား  တောင်ကြီးမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးတို့က သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကယ်ဆယ်ခဲ့ပြီး ကြက်ခြေနီတပ်ဖွဲ့ သူနာတင်ယာဉ်နဲ့ တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013