Home
မြန်မာသတင်း
ထိုင်းနိုင်ငံ၌ ယာဉ်မတော်တဆဖြစ်ပြီး မြန်မာအလုပ်သမား ၂ ဦး သေဆုံး
DVB
·
July 25, 2023
363304331_1616136012209221_5379203231104105995_n

ထိုင်းနိုင်ငံ၊ ရက်ချ်နာဘူရီခရိုင်၊ ဒူမွန်စဒူဝမ်ဒေသ၊ ချွန်ပရာသမ်လမ်းမပေါ်မှာ ကားနဲ့ဆိုင်ကယ် တိုက်မိပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းအခြေစိုက် ခေါင်စွတ်သတင်းဌာနက ဖော်ပြပါတယ်။

ဇူလိုင် ၂၃ ရက် ည ၁၀ နာရီက ထိုင်းနိုင်ငံသား မောင်းလာတဲ့ ဟွန်ဒါဆလွန်းကားနဲ့ မြန်မာနိုင်ငံသား နှစ်ဦး စီးနင်းလာတဲ့ နောက်တွဲတပ် ဟွန်ဒါ ဆိုင်ကယ်တို့ တိုက်မိခဲ့တာပါ။

သေဆုံးသွားတဲ့ ရွေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ အသက် ၄၁ နှစ်အရွယ် ဇော်လင်းနဲ့  မောင်မောင်တို့ဖြစ်တယ်လို့ ထိုင်းရဲဌာနက အတည်ပြုပြောဆိုပါတယ်။

သေဆုံးသူနှစ်ယောက်ဟာ ဆီအုန်းခြံအလုပ်သမားတွေဖြစ်ပြီး လုပ်ငန်းခွင်မှ ၂ ကီလိုမီတာအကွာမှာ မတော်တဆဖြစ်ခဲ့တာပါ။

မိုးသည်းထန်စွာရွာနေလို့ အရှေ့မှာသွားနေတဲ့ ယာဉ်ကိုမမြင်ဘဲ ဝင်တိုက်မိတာပါလို့ ယာဉ်မောင်း မစ္စတာ သော့ဖွန်က ထွက်ဆိုပါတယ်။

Source-Khaosod English

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013