ဘုတ်ပြင်းတွင် တောဆင်ရိုင်းတကောင် အသတ်ခံရ
DVB
·
November 2, 2019
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ဝါးဒင်းကျေးရွာအနီးမှာ အောက်တိုဘာ ၃၁ ရက်နေ့မနက်က တောဆင်ရိုင်းတကောင် အသတ်ခံရပြီး သေဆုံးနေတယ်လို့ ဘုတ်ပြင်းမြို့နယ်သစ်တောဦးစီးက သိရပါတယ်။
သတင်းအရ တာဝန်ရှိသူတွေ သွားရောက်ရာမှာ ဆင်သားရေ ၃ ပုံ ၂ ပုံ လောက် ခွာယူသွားပြီး ဒဏ်ရာ ၄ ချက်နဲ့ သေဆုံးနေတာ တွေ့ရှိခဲ့တာပါ။
သေဆုံးနေတဲ့ ဆင်ဟာ အမြင့် ၁၀ ပေ၊ အလျား ၁၁ ပေ၊ လုံးပတ် ၁၈ ပေ၊ နှာမောင်း ၆ ပေ၊ အ မြီး ၃ ပေ၊ ယာဘက်နား ရွက်ပြတ်နေတဲ့ တောဆင်ရိုင်း ၁ ကောင်ဖြစ်ပြီး အဆိပ်လူးမြှားလို့ ယူဆရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရှိရတယ်လို့ သစ်တော်ဦးစီးဌာနက သိရပါတယ်။
တောဆင်ရိုင်းအသတ်ခံရမှုနဲ့ ပတ်သက်ပြီး ပြည်ကြီးမဏ္ဍိုင်မြို့(နယ်မြေ)ရဲစခန်းကို ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးတင်မောင်လတ်က အရေးယူပေးဖို့ တိုင်တန်းချက်ကြောင့် ပြည်ကြီးမဏ္ဍိုင်မြို့ (နယ်မြေ) ရဲစခန်းက ဇီဝမျိုးစုံမျိုးကွဲနဲ့ ဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄၁ (က) အရ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
လတ်ကိုကိုဦး