၁၂ နှစ်အောက် တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲတွင် မကွေးအသင်း ၂ နှစ်ဆက် ဗိုလ်စွဲ
DVB
·
November 1, 2019
အသက် ၁၂ နှစ်အောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲမှာ မကွေးအသင်းက ၂ နှစ်ဆက်တိုက် ချန်ပီယံဆု ရရှိခဲ့ပါတယ်။
ဒီပြိုင်ပွဲကို မျိုးဆက်သစ် ကစားသမားတွေ စဉ်ဆက်မပြတ် ပေါ်ထွက်ရေးအတွက် ရည်ရွယ်ပြီး ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပတာပါ။
ဗိုလ်လုပွဲအဖြစ် အောက်တိုဘာ ၃၁ ရက်နေ့ ညနေ ၄ နာရီက အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) မြက်ခင်းတုကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး မကွေးအသင်းက စစ်ကိုင်းအသင်းကို ပင်နယ်တီ အဆုံးအဖြတ် ၃-၁ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲသွားတာပါ။
အဆိုပါပြိုင်မှာ ပွဲစဉ်တလျှောက် ဂိုးသွင်းအများဆုံးဆုကို ချင်းအသင်းမှ Ha Line Lein၊
အကောင်းဆုံး ကစားသမားဆုကို မကွေးအသင်းမှ ဘုန်းပြည့်ကျော်တို့က ရရှိခဲ့ကြပါတယ်။
ပထမဆုရ မကွေးအသင်းကို တစ်ဦးချင်း ဆုတံဆိပ်နဲ့ ဆုကြေးငွေကျပ် ၁၅ သိန်း၊ ဒုတိယဆုရ စစ်ကိုင်းအသင်းကို ဆုကြေးငွေကျပ် ၁၀ သိန်း ချီးမြှင့်ခဲ့တယ်လို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။