Home
မြန်မာသတင်း
ပုလဲမြို့ သီတဂူ ပုလဲမေတ္တာ မျက်စိဆေးရုံ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီး
DVB
·
October 27, 2019
ThiTaGu PearlMitta Eye Hospital
ပုလဲမြို့မှာ တည်ဆောက်နေတဲ့ သီတဂူ ပုလဲမေတ္တာဆေးရုံဟာ ရှစ်ဆယ်ရာခိုင်နှုန်းကျော် ပြီးစီးပြီလို့ သိရပါတယ်။ ဒီမျက်စိဆေးရုံမှာ ဆေးရုံ မြေနေရာ သုံးဧကကို ပုလဲမြို့ခံ‌တွေက လှူဒါန်းပေးထားတာဖြစ်ပြီး ဆေးရုံအဆောက်အဦတွေအတွက်ကိုတော့ ပုလဲဆရာတော်က ဦးဆောင်တည်ဆောက်လှူဒါန်းကာ မျက်စိစမ်းသပ်တဲ့ စက်ပစ္စည်းကိရိယာတွေကိုတော့ သီတဂူဆရာတော်ကြီးက လှူဒါန်းတယ်လို့ သိရပါတယ်။ လတ်တလောမှာ ဆေးရုံအပြီးသတ်ဖို့အတွက် ငွေကြေးအခက်အခဲရှိတယ်လို့ ပုလဲဆရာတော် ဘဒ္ဒန္တ ပညာဝံသက မိန့်ပါတယ်။ "တည်ဆောက်မှု အခြေအနေကိုပြောရလို့ရှိရင် ရှစ်ဆယ်ရာခိုင်နှုန်းပြီးပြီ ၊အစသတ်လေးကို ကြိုးစားနေတာပေါ့၊ အစသတ်လေး ဆိုတာတော့ ပြောတော့လွယ်တာပေါ့။ ဒါပေမဲ့ အားလုံး လျာထားကြည့်ရင် သိန်းပေါင်း ၁၀၀၀ ဝန်းကျင်၊ ၁၀၀၀ ကျော်ကျော်လောက် လိုအပ်ချက်ရှိတယ်ပေါ့။" ‌ဆေးရုံပြီးစီးပါက မြိုင်၊ ဆားလင်းကြီး၊ ယင်းမာင်၊ ပုလဲ၊ ဂန့်ဂေါ၊ ကနီ စတဲ့ဒေသတွေက မျက်စိ‌ဝေဒနာရှင်တွေ အခမဲ့လာရောက်ကုသမှု ခံယူနိုင်မယ်လို့ ဆရာတော်က ဆိုပါတယ်။ ခုတင် ၂၀၀ ဆံ့ ဒီဆေးရုံပြီးစီးပါက ဖွင့်ပွဲမှာ သီတဂူဆရာတော်ကြီးရဲ့ အစီအစဉ်နဲ့ မျက်စိအထူးကုဆရာဝန်ကြီး၊‌ စေတနာ့ဝန်ထမ်း ဆရာဝန်တွေ လာရောက်ကုသပေးမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ပုလဲဆရာတော်ရဲ့ အစီအစဉ်နဲ့ ကုသဖို့ စီစဉ်ပေးမယ်လို့ သိရပါတယ်။ လာရောက်ကုသမှုခံယူတဲ့ လူနာအတွက် ‌အစား‌အသောက်နဲ့ နေထိုင်ဖို့ အခမဲ့ကူညီမယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024