ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအတွင်းရေးမှူးချုပ် နေရပ်စွန့်ခွာသူများအရေး ဆွေးနွေး
DVB
·
October 5, 2019
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံ အတွင်းရေးမှူးချုပ် ဒါတိုလင်ကျောက်ဟွိုင်အား မနေ့မနက်ပိုင်းက နေပြည်တော်ရှိ နေအိမ်မှာ လက်ခံတွေ့ဆုံခဲ့တာပါ။
တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်ရဲ့ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေနဲ့ မြန်မာနိုင်ငံနဲ့ အာဆီယံအကြား ပူးပေါင်းဆောင်ရွက်မယ့် နယ်ပယ်တွေ၊ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်မှာ အာဆီယံက ပူးပေါင်းဆောင်ရွက်နိုင်မယ့် နယ်ပယ်တွေအား လေ့လာတဲ့ ကနဉီးဆန်းစစ် လေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေ အကောင်အထည်ဖော်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။
တွေ့ဆုံပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။