မြဝတီတွင် ခရီးသည်တင်ယာဉ် တိမ်းမှောက်၍ ၁ ဦး သေဆုံး ၃၅ ဦး ဒဏ်ရာရ၊ ယာဉ်မောင်း ထွက်ပြေး
DVB
·
September 11, 2019
မြဝတီမြို့နယ်မှာ မနေ့က ခရီးသည်တင်ယာဉ်တစီး တိမ်းမှောက်ခဲ့တာကြောင့် ၁ ဦး သေဆုံး၊ ၃၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက မြဝတီမြို့နယ်၊ မြဝတီ-ကော့ကရိတ်သွား အာရှကားလမ်း မိုင်တိုင် ၁၅၈ နဲ့ ၁၅၉ ကြား ကွမ်းသီးခြံကုန်းအဆင်းမှာ ဦးတင်မြင့် မောင်းနှင်ပြီး ၄၀ ဦး (ကျား ၇၊ မ ၃၃) လိုက်ပါလာတဲ့ ရွှေပြည်ဦးခရီးသည်တင်မှန်လုံယာဉ်ဟာ ဘရိတ်ပေါက်ကာ လမ်းယာဘက်ခြမ်းကို တိမ်းမှောက်သွားခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ဒေါ်မူဒါး ၄၄ နှစ် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၅ ဦးထဲက ၁ ဦး စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ထွက်ပြေးသွားတဲ့ ယာဉ်မောင်း တင်မြင့်အား သင်္ဃန်းညီနောင်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉/၂၀၂ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/ သာမန်နာကျင်စေမှု/ယာဉ်မဆင်မခြင်မောင်းနှင်မှု/သတင်းပေးရန်ပျက်ကွက်မှု) နဲ့ အမှုဖွင့် စုံစမ်းနေတယ်လို့ သိရပါတယ်။
~~~~~~~~~~~~~~~~~
Zawgyi_version
ျမဝတီတြင္ ခရီးသည္တင္ယာဥ္ တိမ္းေမွာက္၍ ၁ ဦး ေသဆုံး ၃၅ ဦး ဒဏ္ရာရ၊ ယာဥ္ေမာင္း ထြက္ေျပး
ျမဝတီၿမိဳ႕နယ္မွာ မေန႔က ခရီးသည္တင္ယာဥ္တစီး တိမ္းေမွာက္ခဲ့တာေၾကာင့္ ၁ ဦး ေသဆုံး၊ ၃၅ ဦး ဒဏ္ရာရရွိခဲ့ၿပီး ယာဥ္ေမာင္းမွာ ထြက္ေျပးသြားခဲ့တယ္လို႔ သိရပါတယ္။
စက္တင္ဘာလ ၁၀ ရက္ေန႔ မြန္းလြဲပိုင္းက ျမဝတီၿမိဳ႕နယ္၊ ျမဝတီ-ေကာ့ကရိတ္သြား အာရွကားလမ္း မိုင္တိုင္ ၁၅၈ နဲ႔ ၁၅၉ ၾကား ကြမ္းသီးၿခံကုန္းအဆင္းမွာ ဦးတင္ျမင့္ ေမာင္းႏွင္ၿပီး ၄၀ ဦး (က်ား ၇၊ မ ၃၃) လိုက္ပါလာတဲ့ ေ႐ႊျပည္ဦးခရီးသည္တင္မွန္လုံယာဥ္ဟာ ဘရိတ္ေပါက္ကာ လမ္းယာဘက္ျခမ္းကို တိမ္းေမွာက္သြားခဲ့တာလို႔ ျပည္ထဲေရးသတင္းမွာ ေဖာ္ျပထားပါတယ္။
ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚပါခရီးသည္ ေဒၚမူဒါး ၄၄ ႏွစ္ ဒဏ္ရာေတြနဲ႔ ေသဆုံးခဲ့ၿပီး ဒဏ္ရာရသူ ၃၅ ဦးထဲက ၁ ဦး စိုးရိမ္ရတယ္လို႔ ဆိုပါတယ္။
ထြက္ေျပးသြားတဲ့ ယာဥ္ေမာင္း တင္ျမင့္အား သဃၤန္းညီေနာင္နယ္ေျမရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉/၂၀၂ (ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ/ျပင္းထန္/ သာမန္နာက်င္ေစမႈ/ယာဥ္မဆင္မျခင္ေမာင္းႏွင္မႈ/သတင္းေပးရန္ပ်က္ကြက္မႈ) နဲ႔ အမႈဖြင့္ စုံစမ္းေနတယ္လို႔ သိရပါတယ္။