ကျပ်သိန်းပေါင်း ၁၅၀၀၀ တန်ဖိုးရှိ မူးယစ်ဆေး သယ်လာသူကို ခိုလမ်မြို့နယ်တွင် ဖမ်းမိ
DVB
·
August 25, 2019
ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၁၅၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ သယ်ဆောင်လာသူအား ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
ခိုလမ်မြို့နယ်၊ နမ့်မောင်းကျေးရွာအနီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ယာဉ်ဝင်/ထွက်မှုတွေကို စစ်ဆေးဆောင်ရွက်စဉ် ဩဂုတ် ၂၃ ရက်နေ့ မနက် ၇ နာရီလောက်မှာ နမ့်စန်မြို့ဘက်ကနေ ခိုလမ်မြို့ဘက်ကို စိုင်းဟောင်နူ မောင်းနှင်လာတဲ့ မတ်တူးအမျိုးအစား မော်တော်ယာဉ်အမှတ်၊ 3L/-— အား ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးမိခဲ့တာပါ။
စိုင်းဟောင်နူနဲ့အတူ ယာဉ်နောက်ခန်းအတွင်း သယ်ဆောင်လာတဲ့ အိုက်စ်အဖြူရောင်အခဲ ၆၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၅၀၀၀) ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
မော်တော်ယာဉ်၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိသူအား တရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ဖို့ ခိုလမ်နယ်မြေရဲစခန်းကို လွှဲပြောင်းအပ်နှံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
က်ပ္သိန္းေပါင္း ၁၅၀၀၀ တန္ဖိုးရွိ မူးယစ္ေဆး သယ္လာသူကို ခိုလမ္ၿမိဳ႕နယ္တြင္ ဖမ္းမိ
ရွမ္းျပည္နယ္ေတာင္ပိုင္း ခိုလမ္ၿမိဳ႕နယ္အတြင္း ေငြက်ပ္သိန္းေပါင္း ၁၅၀၀၀ တန္ဖိုးရွိ မူးယစ္ေဆးဝါးေတြနဲ႔ သယ္ေဆာင္လာသူအား ဖမ္းဆီးရမိခဲ့တယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ပါတယ္။
ခိုလမ္ၿမိဳ႕နယ္၊ နမ့္ေမာင္းေက်း႐ြာအနီးမွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ယာဥ္ဝင္/ထြက္မႈေတြကို စစ္ေဆးေဆာင္႐ြက္စဥ္ ဩဂုတ္ ၂၃ ရက္ေန႔ မနက္ ၇ နာရီေလာက္မွာ နမ့္စန္ၿမိဳ႕ဘက္ကေန ခိုလမ္ၿမိဳ႕ဘက္ကို စိုင္းေဟာင္ႏူ ေမာင္းႏွင္လာတဲ့ မတ္တူးအမ်ိဳးအစား ေမာ္ေတာ္ယာဥ္အမွတ္၊ 3L/-— အား ရပ္တန႔္စစ္ေဆးရာမွ ဖမ္းဆီးမိခဲ့တာပါ။
စိုင္းေဟာင္ႏူနဲ႔အတူ ယာဥ္ေနာက္ခန္းအတြင္း သယ္ေဆာင္လာတဲ့ အိုက္စ္အျဖဴေရာင္အခဲ ၆၀ ကီလိုဂရမ္ (ခန႔္မွန္းတန္ဖိုးေငြ က်ပ္သိန္းေပါင္း ၁၅၀၀၀) ဖမ္းဆီးခဲ့တာလို႔ ဆိုပါတယ္။
ေမာ္ေတာ်ယဥ္၊ မူးယစ္ေဆးဝါးေတြနဲ႔အတူ ဖမ္းဆီးရမိသူအား တရားဥပေဒအရ အေရးယူ ေဆာင္႐ြက္ႏိုင္ဖို႔ ခိုလမ္နယ္ေျမရဲစခန္းကို လႊဲေျပာင္းအပ္ႏွံခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။