Home
မြန်မာသတင်း
အပစ်ရပ် သက်တမ်းတိုး၊ မတိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် မူတည်ဟု တပ်မတော်ပြော
နေဖြိုးဝင်း
·
August 24, 2019
GN Tun Tun Nyi GN Soe Naing Oo
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သက်တမ်းတိုး၊ မတိုးဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဆောင်ရွက်ချက်အပေါ် မူတည်တယ်လို့ တပ်မတော်က ပြောပါတယ်။ နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်မှာ သြဂုတ် ၂၃ ရက်နေ့က ပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက အခုလို ပြောတာပါ။ “ဒီလ ၁၄ ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပေးထားတဲ့ အချိန်မှာ ထာဝရငြိမ်းချမ်းရေးအတွက် အချိန်မဆိုင်းဘဲ ထိထိရောက်ရောက် ဆွေးနွေးညှိုနှိုင်း ဆောင်ရွက်ရေးဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့တာ ရှိပါတယ်။ အဲတော့ ဒီဟာကြောင့်မို့လို့ ဆွေးနွေးပွဲတွေ ဖိတ်ခေါ်ပါတယ်။ အဲဒီဆွေးနွေးပွဲကို လာခြင်း မလာခြင်း၊ အဲဒီအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လိုလားခြင်း မလိုလားခြင်းအပေါ်မှာပဲ မူတည်ပါတယ်။ ဒါကြောင့် သက်တမ်းတိုး မတိုး ကိစ္စကလည်း သူတို့ရဲ့ ဆောင်ရွက်ချက်အပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။” တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်မတော်က အပစ်ရပ်ပေးထားတဲ့ ကာလတွေမှာ အင်အားတည်ဆောက်တာ (လူ၊ လက်နက် ဖြည့်ဆည်းတာ)၊ နယ်မြေ တည်ဆောက်တာ (နယ်ကျော်လှုပ်ရှား၊ ဆက်ကြေးကောက်၊ လူသစ်စု၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ဆောင်ရွက်) တွေ မလုပ်ဘဲ ကိုယ့်နယ်မြေထဲမှာ ကိုယ်နေဖို့နဲ့ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆက်ပြီး လုပ်သွားမယ်လို့ ပြောပါတယ်။ တပ်မတော်က စစ်တိုင်း ၅ ခုမှာ စစ်ရေး လှုပ်ရှားတာတွေ ရပ်ဖို့ ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်ကနေ ဧပြီ ၃၀ ရက်အထိ တကြိမ်၊ မေ ၁ ရက်ကနေ ဇွန် ၃၀ အထိ တကြိမ်၊ ဇူလိုင် ၁ ရက်ကနေ ဩဂုတ် ၃၁ ရက်အထိ တကြိမ်၊ ၃ ကြိမ် ကြေညာထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အပစ္ရပ္ သက္တမ္းတိုး၊ မတိုး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအေပၚ မူတည္ဟု တပ္မေတာ္ေျပာ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သက္တမ္းတိုး၊ မတိုးဟာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြရဲ႕ ေဆာင္႐ြက္ခ်က္အေပၚ မူတည္တယ္လို႔ တပ္မေတာ္က ေျပာပါတယ္။ ေနျပည္ေတာ္ရွိ တပ္မေတာ္ စစ္သမိုင္းျပတိုက္မွာ ၾသဂုတ္ ၂၃ ရက္ေန႔က ျပဳလုပ္တဲ့ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ေကာ္မတီဥကၠ႒ ဗိုလ္ခ်ဳပ္စိုးႏိုင္ဦးက အခုလို ေျပာတာပါ။ “ဒီလ ၁၄ ရက္ေန႔က ပစ္ခတ္တိုက္ခိုက္မႈမ်ား ရပ္စဲေပးထားတဲ့ အခ်ိန္မွာ ထာဝရၿငိမ္းခ်မ္းေရးအတြက္ အခ်ိန္မဆိုင္းဘဲ ထိထိေရာက္ေရာက္ ေဆြးေႏြးညႇိဳႏႈိင္း ေဆာင္႐ြက္ေရးဆိုၿပီး ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာ ရွိပါတယ္။ အဲေတာ့ ဒီဟာေၾကာင့္မို႔လို႔ ေဆြးေႏြးပြဲေတြ ဖိတ္ေခၚပါတယ္။ အဲဒီေဆြးေႏြးပြဲကို လာျခင္း မလာျခင္း၊ အဲဒီအဖြဲ႕ေတြရဲ႕ ၿငိမ္းခ်မ္းေရး လိုလားျခင္း မလိုလားျခင္းအေပၚမွာပဲ မူတည္ပါတယ္။ ဒါေၾကာင့္ သက္တမ္းတိုး မတိုး ကိစၥကလည္း သူတို႔ရဲ႕ ေဆာင္႐ြက္ခ်က္အေပၚ မူတည္ၿပီး ဆုံးျဖတ္သြားမွာ ျဖစ္ပါတယ္။” တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြအေနနဲ႔ တပ္မေတာ္က အပစ္ရပ္ေပးထားတဲ့ ကာလေတြမွာ အင္အားတည္ေဆာက္တာ (လူ၊ လက္နက္ ျဖည့္ဆည္းတာ)၊ နယ္ေျမ တည္ေဆာက္တာ (နယ္ေက်ာ္လႈပ္ရွား၊ ဆက္ေၾကးေကာက္၊ လူသစ္စု၊ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္တဲ့ ကိစၥေတြ ေဆာင္႐ြက္) ေတြ မလုပ္ဘဲ ကိုယ့္နယ္ေျမထဲမွာ ကိုယ္ေနဖို႔နဲ႔ တပ္မေတာ္အေနနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြကို ဆက္ၿပီး လုပ္သြားမယ္လို႔ ေျပာပါတယ္။ တပ္မေတာ္က စစ္တိုင္း ၅ ခုမွာ စစ္ေရး လႈပ္ရွားတာေတြ ရပ္ဖို႔ ၂၀၁၈ ဒီဇင္ဘာ ၂၁ ရက္ကေန ဧၿပီ ၃၀ ရက္အထိ တႀကိမ္၊ ေမ ၁ ရက္ကေန ဇြန္ ၃၀ အထိ တႀကိမ္၊ ဇူလိုင္ ၁ ရက္ကေန ဩဂုတ္ ၃၁ ရက္အထိ တႀကိမ္၊ ၃ ႀကိမ္ ေၾကညာထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024