Home
မြန်မာသတင်း
မုံရွာမြို့ ကန်သာယာကို အများပြည်သူအပန်းဖြေနေရာအဖြစ် အကြီးစားပြုပြင်
DVB
·
August 16, 2019
kty5
kty4
kty3
kty2
kty1
kty
kty2
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ပြည်ထောင်စုလမ်းကြားရှိ ဧက ၂၀၀ နီးပါးကျယ်ဝန်းတဲ့ ကန်သာယာကို အစိုးရရန်ပုံငွေ၊ အများလှုဒါန်းငွေတွေနဲ့ အကြီးစားပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေပါတယ်။ ဇူလိုင်လကတည်းက စတင်ခဲ့တဲ့ ကန်သာယာ အကြီးစားပြုပြင်ပြောင်းလဲမှုကို ငွေကျပ်သိန်းပေါင်း ၁၀၀၀၀ ဝန်းကျင်အကုန်အကျခံကာ ၂ လအချိန်ယူလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲမှုက နှစ်ပေါင်း ၅၀ အတွင်းမှာ ပထမဆုံးအကြိမ် လုပ်ဆောင်တာဖြစ်တယ်လို့လည်း သိရပါတယ်။ စစ်ကိုင်းတိုင်းစည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က “ကန်သာယာအင်းက တဖြည်းဖြည်းကောလာပြီ။ ဘေးက လူနေအိမ်တွေထက်တောင် တချို့နေရာတွေက မြင့်နေပြီ။ အခုဆို ကန်ကို ၃ ပေက နေ ၄ ပေအထိ ပြန်တူးနေတယ်။ ကန်ပတ်လည်မှာလည်း ကျောက်နံရံစီတယ်။ အရင်ကတော့ ကန်ထဲမှာ ကျွန်းတွေအများကြီး ရှိတယ်။ အခုအဲဒီကျွန်းတွေကိုလည်း ပေါင်းတာပေါင်း၊ ချဲ့တာချဲ့လုပ်လိုက်တယ်။ ကျွန်းကတော့ ၃ ကျွန်းပဲကျန်တော့မယ်။ ပြီးရင် ကျွန်းပေါ်တွေမှာ ပန်းခြံတွေလုပ်မယ်။ ကန်ပတ်လမ်းတွေပါမယ်။ ကားပါကင်တွေပါမယ်။ ကန်တူးလိုက်တာဖြစ်လို့ ရေကလည်း အရင်ကထက် ပိုပြီးတော့ များများသိုလှောင်နိုင်မှာပါ” လို့ ပြောပါတယ်။ ကန်သာယာပြင်ဆင်မှုပြီးသွားရင် အသက် ၆၀ ကျော် အမျိုးသမီးတွေအတွက်ရည်ရွယ်ကာ Mother Market ခေါ်တဲ့ ခေါင်းရွက်ဗျတ်ထိုးဈေးကိုလည်း ဖော်ဆောင်ပေးသွားမယ်လို့ စည်ပင်ဝန်ကြီးက ပြောဆိုထားပါတယ်။ ဒါ့အပြင် အပျော်စီးလှေတွေလည်း ထားရှိပေးသွားမယ်လို့ သိရပါတယ်။ ပြည်သူအပန်းဖြေနေရာမရှိသေးတဲ့ မုံရွာမြို့မှာ ပြည်သူ့အပန်းဖြေနေရာတခု ဖြစ်ပေါ်လာအောင် အစိုးရကနေ ဦးဆောင်ကာ ကန်သာယာ အကြီးစားပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေတဲ့ အပေါ်မှာတော့ ပြည်သူတွေက ဝမ်းသာကြိုဆိုကြပါတယ်။ ဒါပေမယ့် သုံးစွဲကုန်ကျမယ့်ငွေကြေး ပွင့်လင်းမြင်သာမှုမရှိတာနဲ့ အစိုးရသက်တမ်းတလျှောက် မုံရွာမြို့မှာ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှု ပြစရာ ကြီးကြီးမားမားမရှိခဲ့ဘဲ အစိုးရသက်တမ်းကုန်ခါနီး ရွေးကောက်ပွဲနီးလာမှ လုပ်ပေးလာတဲ့အပေါ်မှာတော့ အရပ်ဖက်အဖွဲ့စည်းတချို့နဲ့ ပြည်သူတချို့က ဝေဖန်နေကြပါတယ်။ လက်ရှိမှာတော့ ကန်သာယာအကြီးစားပြုပြင်ပြောင်းလဲမှုကို စက်ယန္တရားအပါအဝင် ယာဉ်အစီးရေ ၈၀ ဝန်းကျင်နဲ့ နေ့စဉ်လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် မြို့တွင်းဗိုလ်ချုပ်လမ်း အိုးရှင်းစူပါစင်တာရှေ့ကနေ ကန်သာယာအထိ လမ်းလယ် မီးတိုင်တွေကိုလည်း စိုက်ထူနေပါတယ်။
Zawgyi Version မုံရွာမြို့ ကန်သာယာကို အများပြည်သူအပန်းဖြေနေရာအဖြစ် အကြီးစားပြုပြင် အောင်ကိုလတ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ပြည်ထောင်စုလမ်းကြားရှိ ဧက ၂၀၀ နီးပါးကျယ်ဝန်းတဲ့ ကန်သာယာကို အစိုးရရန်ပုံငွေ၊ အများလှုဒါန်းငွေတွေနဲ့ အကြီးစားပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေပါတယ်။ ဇူလိုင်လကတည်းက စတင်ခဲ့တဲ့ ကန်သာယာ အကြီးစားပြုပြင်ပြောင်းလဲမှုကို ငွေကျပ်သိန်းပေါင်း ၁၀၀၀၀ ဝန်းကျင်အကုန်အကျခံကာ ၂ လအချိန်ယူလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲမှုက နှစ်ပေါင်း ၅၀ အတွင်းမှာ ပထမဆုံးအကြိမ် လုပ်ဆောင်တာဖြစ်တယ်လို့လည်း သိရပါတယ်။ စစ်ကိုင်းတိုင်းစည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က “ကန်သာယာအင်းက တဖြည်းဖြည်းကောလာပြီ။ ဘေးက လူနေအိမ်တွေထက်တောင် တချို့နေရာတွေက မြင့်နေပြီ။ အခုဆို ကန်ကို ၃ ပေက နေ ၄ ပေအထိ ပြန်တူးနေတယ်။ ကန်ပတ်လည်မှာလည်း ကျောက်နံရံစီတယ်။ အရင်ကတော့ ကန်ထဲမှာ ကျွန်းတွေအများကြီး ရှိတယ်။ အခုအဲဒီကျွန်းတွေကိုလည်း ပေါင်းတာပေါင်း၊ ချဲ့တာချဲ့လုပ်လိုက်တယ်။ ကျွန်းကတော့ ၃ ကျွန်းပဲကျန်တော့မယ်။ ပြီးရင် ကျွန်းပေါ်တွေမှာ ပန်းခြံတွေလုပ်မယ်။ ကန်ပတ်လမ်းတွေပါမယ်။ ကားပါကင်တွေပါမယ်။ ကန်တူးလိုက်တာဖြစ်လို့ ရေကလည်း အရင်ကထက် ပိုပြီးတော့ များများသိုလှောင်နိုင်မှာပါ” လို့ ပြောပါတယ်။ ကန်သာယာပြင်ဆင်မှုပြီးသွားရင် အသက် ၆၀ ကျော် အမျိုးသမီးတွေအတွက်ရည်ရွယ်ကာ Mother Market ခေါ်တဲ့ ခေါင်းရွက်ဗျတ်ထိုးဈေးကိုလည်း ဖော်ဆောင်ပေးသွားမယ်လို့ စည်ပင်ဝန်ကြီးက ပြောဆိုထားပါတယ်။ ဒါ့အပြင် အပျော်စီးလှေတွေလည်း ထားရှိပေးသွားမယ်လို့ သိရပါတယ်။ ပြည်သူအပန်းဖြေနေရာမရှိသေးတဲ့ မုံရွာမြို့မှာ ပြည်သူ့အပန်းဖြေနေရာတခု ဖြစ်ပေါ်လာအောင် အစိုးရကနေ ဦးဆောင်ကာ ကန်သာယာ အကြီးစားပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေတဲ့ အပေါ်မှာတော့ ပြည်သူတွေက ဝမ်းသာကြိုဆိုကြပါတယ်။ ဒါပေမယ့် သုံးစွဲကုန်ကျမယ့်ငွေကြေး ပွင့်လင်းမြင်သာမှုမရှိတာနဲ့ အစိုးရသက်တမ်းတလျှောက် မုံရွာမြို့မှာ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှု ပြစရာ ကြီးကြီးမားမားမရှိခဲ့ဘဲ အစိုးရသက်တမ်းကုန်ခါနီး ရွေးကောက်ပွဲနီးလာမှ လုပ်ပေးလာတဲ့အပေါ်မှာတော့ အရပ်ဖက်အဖွဲ့စည်းတချို့နဲ့ ပြည်သူတချို့က ဝေဖန်နေကြပါတယ်။ လက်ရှိမှာတော့ ကန်သာယာအကြီးစားပြုပြင်ပြောင်းလဲမှုကို စက်ယန္တရားအပါအဝင် ယာဉ်အစီးရေ ၈၀ ဝန်းကျင်နဲ့ နေ့စဉ်လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် မြို့တွင်းဗိုလ်ချုပ်လမ်း အိုးရှင်းစူပါစင်တာရှေ့ကနေ ကန်သာယာအထိ လမ်းလယ် မီးတိုင်တွေကိုလည်း စိုက်ထူနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024