Home
မြန်မာသတင်း
နှစ်ရက်အတွင်း H1N1 ကြောင့် လူ ၄ ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၈၇ ဦးရှိပြီ
DVB
·
August 4, 2019
h1n1
နှစ်ရက်အတွင်း ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် ၄ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။  သြဂုတ် ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ နှစ်ရက်အတွင်းမှာ လေးဦးသေဆုံးခဲ့တာပါ။ ဇန်နဝါရီ ၁ ရက်နေ့ကနေ သြဂုတ်လ ၁ ရက်နေ့အထိ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ သေဆုံးသူ ၈၃ ဦးရှိခဲ့ပြီး ၄ ဦးထပ်ပြီးသေဆုံးတာကြောင့် သြဂုတ်လ ၃ ရက်နေ့အထိ သေဆုံးသူ ၈၇ ဦးရှိသွားပါပြီ။  နှစ်ရက်အတွင်း သေဆုံးသူ လေးဦးမှာ ဧရာဝတီတိုင်းက ၃ ဦး၊ ရန်ကုန်တိုင်းက ၁ ဦးသေဆုံးခဲ့တာပါ။  အခုလိုသေဆုံးမှုကြောင့် ရန်ကုန်တိုင်းမှာ သေဆုံးသူ ၆၃ ရှိလာပြီး ဧရာဝတီတိုင်းက သေဆုံးသူ ၈ ဦး ရှိသွားပြီ ဖြစ်ပြီး ရာသီတုပ်ကွေး H1N1 ဖြစ်ပွားမှုအများဆုံး တိုင်းဒေသကြီးတွေဖြစ်ပါတယ်။  တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ H1N1 ရောဂါပိုး သံသယလူနာ ၁၀၉၉ ဦး ရောဂါပိုး ကူးစက်ခံထားရသူ ၄၅၇ ဦး ရှိပါတယ်။ သံသယလူနာနဲ့ ကူးစက်ခံထားရသူ အရေအတွက်ဟာ တရက်ထက်တရက် တိုးလာတာကို ထုတ်ပြန်ချက်တွေအရ သိရပါတယ်။   ချင်းပြည်နယ် ရှမ်းပြည်နယ် အရှေ့ပိုင်းတို့ကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ အဲ့ရောဂါပိုးတွေ့ရှိရပါတယ်။  ရာသီတုပ်ကွေး H1N1 ဖြစ်ပွားတာတွေက နေ့စဉ် ကူးစက်သူဦးရေ မြင့်တက်နေပြီး သက်ကြီးရွယ်အို၊ ၅ နှစ်အောက်ကလေးတွေနဲ့ နာတာရှည်ရောဂါရှိသူတွေက ရောဂါပိုးကူးစက်ရင် ပိုမိုပြင်းထန်နိုင်လို့ ဂရုပြုသင့်ပါတယ်။ ရာသီတုပ်ကွေးရောဂါ လက္ခဏာတွေကတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာ နှာရည်ယိုတာနဲ့ ကိုယ်လက်နာကျင်ကိုက်ခဲပြီး ခေါင်းကိုက်တာ၊ ချမ်းတုန်ဖျားတာနဲ့ ကိုယ်လက် မအီမသာတွေ ဖြစ်လေ့ရှိပါတယ်။ ပြီးတော့ အော့အန်တာ၊ ဝမ်းလျှောတာတွေလည်း ဖြစ်တတ်ပြီး ရောဂါဝင်ရောက်ချိန်ကနေ ရောဂါလက္ခဏာ ပြမယ့်အချိန်က ၁ ရက်ကနေ ၅ ရက်အတွင်း ဖြစ်ပါတယ်။ တုပ်ကွေးရောဂါ မဖြစ်စေဖိုနဲ့ ကူးစက်တာကိုကာကွယ်ဖို့ လက်ဆေးတာ၊ နှာချေ၊ ချောင်းဆိုးရင်ပါးစပ်နဲ့ နှာခေါင်းကိုအုပ်ပြီးဆိုးတာ၊ လူထူထပ်တဲ့နေရာ အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့နဲ့ ဖျားနာပြီး အသက်ရှူကြပ်ရင် ချက်ချင်း ဆေးရုံဆေးခန်းပြသဖို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက အကြံပြုထုတ်ပြန်ထားပါတယ်
Zawgyi Version ႏွစ္ရက္အတြင္း ရာသီတုပ္ေကြး H1N1 ေရာဂါေၾကာင့္ ၄ ဦး ထပ္မံေသဆုံးခဲ့တယ္လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက သတင္းထုတ္ျပန္ပါတယ္။ ၾသဂုတ္ ၁ ရက္ေန႔ကေန ၃ ရက္ေန႔အထိ ႏွစ္ရက္အတြင္းမွာ ေလးဦးေသဆုံးခဲ့တာပါ။ ဇန္နဝါရီ ၁ ရက္ေန႔ကေန ၾသဂုတ္လ ၁ ရက္ေန႔အထိ တႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ ေသဆုံးသူ ၈၃ ဦးရွိခဲ့ၿပီး ၄ ဦးထပ္ၿပီးေသဆုံးတာေၾကာင့္ ၾသဂုတ္လ ၃ ရက္ေန႔အထိ ေသဆုံးသူ ၈၇ ဦးရွိသြားပါၿပီ။ ႏွစ္ရက္အတြင္း ေသဆုံးသူ ေလးဦးမွာ ဧရာဝတီတိုင္းက ၃ ဦး၊ ရန္ကုန္တိုင္းက ၁ ဦးေသဆုံးခဲ့တာပါ။ အခုလိုေသဆုံးမႈေၾကာင့္ ရန္ကုန္တိုင္းမွာ ေသဆုံးသူ ၆၃ ရွိလာၿပီး ဧရာဝတီတိုင္းက ေသဆုံးသူ ၈ ဦး ရွိသြားၿပီ ျဖစ္ၿပီး ရာသီတုပ္ေကြး H1N1 ျဖစ္ပြားမႈအမ်ားဆုံး တိုင္းေဒသႀကီးေတြျဖစ္ပါတယ္။ တႏိုင္ငံလုံး အတိုင္းအတာအေနနဲ႔ H1N1 ေရာဂါပိုး သံသယလူနာ ၁၀၉၉ ဦး ေရာဂါပိုး ကူးစက္ခံထားရသူ ၄၅၇ ဦး ရွိပါတယ္။ သံသယလူနာနဲ႔ ကူးစက္ခံထားရသူ အေရအတြက္ဟာ တရက္ထက္တရက္ တိုးလာတာကို ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။ ခ်င္းျပည္နယ္ ရွမ္းျပည္နယ္ အေရွ႕ပိုင္းတို႔ကလြဲၿပီး က်န္တိုင္းနဲ႔ ျပည္နယ္ေတြမွာ အဲ့ေရာဂါပိုးေတြ႕ရွိရပါတယ္။ ရာသီတုပ္ေကြး H1N1 ျဖစ္ပြားတာေတြက ေန႔စဥ္ ကူးစက္သူဦးေရ ျမင့္တက္ေနၿပီး သက္ႀကီး႐ြယ္အို၊ ၅ ႏွစ္ေအာက္ကေလးေတြနဲ႔ နာတာရွည္ေရာဂါရွိသူေတြက ေရာဂါပိုးကူးစက္ရင္ ပိုမိုျပင္းထန္ႏိုင္လို႔ ဂ႐ုျပဳသင့္ပါတယ္။ ရာသီတုပ္ေကြးေရာဂါ လကၡဏာေတြကေတာ့ ဖ်ားတာ၊ ေခ်ာင္းဆိုးတာ၊ လည္ေခ်ာင္းနာ ႏွာရည္ယိုတာနဲ႔ ကိုယ္လက္နာက်င္ကိုက္ခဲၿပီး ေခါင္းကိုက္တာ၊ ခ်မ္းတုန္ဖ်ားတာနဲ႔ ကိုယ္လက္ မအီမသာေတြ ျဖစ္ေလ့ရွိပါတယ္။ ၿပီးေတာ့ ေအာ့အန္တာ၊ ဝမ္းေလွ်ာတာေတြလည္း ျဖစ္တတ္ၿပီး ေရာဂါဝင္ေရာက္ခ်ိန္ကေန ေရာဂါလကၡဏာ ျပမယ့္အခ်ိန္က ၁ ရက္ကေန ၅ ရက္အတြင္း ျဖစ္ပါတယ္။ တုပ္ေကြးေရာဂါ မျဖစ္ေစဖိုနဲ႔ ကူးစက္တာကိုကာကြယ္ဖို႔ လက္ေဆးတာ၊ ႏွာေခ်၊ ေခ်ာင္းဆိုးရင္ပါးစပ္နဲ႔ ႏွာေခါင္းကိုအုပ္ၿပီးဆိုးတာ၊ လူထူထပ္တဲ့ေနရာ အတတ္ႏိုင္ဆုံး ေရွာင္ၾကဥ္ဖို႔နဲ႔ ဖ်ားနာၿပီး အသက္ရွဴၾကပ္ရင္ ခ်က္ခ်င္း ေဆး႐ုံေဆးခန္းျပသဖို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက အႀကံျပဳထုတ္ျပန္ထားပါတယ္

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013