Home
မြန်မာသတင်း
စည်ပင်ဧည့်ရိပ်သာတွင် ရွှေခိုးမှုဖြင့် လွှတ်တော်ကိုယ်စားလှယ်တဦး၏ ချွေးမကို ဖမ်းဆီး
DVB
·
July 13, 2019
ht
လွှတ်တော်ကိုယ်စားလှယ်တွေနေထိုင်တဲ့ နေပြည်တော်စည်ပင်ဧည့်ရိပ်သာ ၂ ၀င်းအတွင်းမှာ ဇူလိုင် ၁၁ ရက်နေ့က ရွှေထည်ပစ္စည်းတွေ ခိုးယူမှုဖြစ်ပွားခဲ့ပြီး ခိုးယူခဲ့တဲ့ တရားခံဟာ လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ချွေးမဖြစ်ပြီး ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ “လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ ချွေးမက ခိုးတယ်ပြောတာပဲ။ သက်သေပစ္စည်းတွေလည်း မိတယ်ပြောတယ်။ အခိုးခံရတဲ့ ကိုယ်စားလှယ်အမျိုးသမီးကို ရဲစခန်းက ပြန်အပ်ပြီးပြီလို့လည်း ကြားရတယ်။ ဒီလိုဖြစ်တာတော့ မကောင်းဘူးပေါ့ဗျာ”လို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။ ရွှေထည်ပစ္စည်းတွေနဲ့အတူ တရားခံဟာ စည်ပင်ဧည့်ရိပ်သာ ၂ အဆောင် ၁၃ အခန်း ၈ မှာ ခေတ္တလာရောက် တည်းခိုနေထိုင်သူဖြစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့ ချွေးမဖြစ်တယ်လို့လည်း သိရပါတယ်။ “တရားခံပဲပြောပါတော့။ သူကိုတော့ အမှတ် ၁ စခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရတယ်” လို့ ကိုယ်စားလှယ်တဦးက ပြောပါတယ်။ အခိုးခံရတဲ့ ပစ္စည်တွေဟာ ကာလတန်ဖိုး ကျပ် ၁၀၄ သိန်းတန်ဖိုးရှိပြီးတော့ အဲ့ဒီအထဲမှာ စိန်လက်စွပ် ၂ ကွင်း၊ စိန်လက်ကောက် ၁ ကွင်း၊ ၅ မူးသား ရွေလက်ကောက် ၉ ကွင်း၊ ရွှေခြေချင်း ၁ ကွင်း ပါဝင်တယ်လို့ သိရပါတယ်။ အမှုကို သက်ဆိုင်ရာရဲစခန်းမှာ ပျောက်ဆုံးသူ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဇနီးက ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အမှုဖွင့်တိုင်ကြားထားခဲ့တာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013