Home
မြန်မာသတင်း
နေပြည်တော် လွှတ်တော်ကိုယ်စားလှယ်အဆောင်တွင် ရွှေထည်ပစ္စည်းများ ခိုးယူခံရ 
DVB
·
July 12, 2019
66324005_868582343516390_7686458031961276416_n
နေပြည်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေနေထိုင်ရာ စည်ပင်ဧည့်ရိပ်သာ ၂ ဝန်းအတွင်းမှာ ဇူလိုင် ၁၀ ရက် ညအစောပိုင်းက ကျပ် ၁၀၄ သိန်း ဖိုးလောက်ရှိတဲ့ ရွှေထည် ပစ္စည်းတွေ ခိုးယူခံလိုက်ရပါတယ်။ စည်ပင်ဧည့်ရိပ်သာနေ လွှတ်တော်ကိုယ်စားလှယ်တဦးက "မနေ့ ည ၇ နာရီလောက်က ဖြစ်တာလို့ကြားတာပဲ။ ကိုယ်စားလှယ်ရဲ့ အမျိုးသမီး ရေချိုးခန်းဝင်တော့ ကုတင်ပေါ်ချွတ်ထားတာ ၁၀ မိနစ်လောက် အကြာပေါ့။ ပြန်အထွက် မရှိတော့တာ" လို့ ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရွှေထည်တွေခိုးယူခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမျိုးသမီးက ရာဇသတ်ကြီး ပုဒ်မ ၃၈၀ နဲ့ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ အခိုးခံလိုက်ရတဲ့ ရွှေထည်တွေကတော့ စိန်လက်ကောက် ၁ ကွင်း၊ စိန်လက်စွပ် ၂ ကွင်း၊ ငါးမူးသားလောက်ရှိတဲ့ ပိုက်ပွလက်ကောက် ၉ ကွင်းနဲ့ ရွှေခြေချင်း ၁ ကွင်း ဖြစ်ပြီးတော့ ကာလ တန်ဖိုး ကျပ် ၁၀၄ သိန်း တန်ဖိုးရှိတယ်လို့ တိုင်ကြားထားတဲ့ စာရင်းတွေအရ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနေထိုင်တဲ့ စည်ပင် ဧည်ရိပ်သာဟာ အပြင်လူ ဝင်မယ်ဆိုရင် ဂိတ်ပေါက် ၂ ခုလုံးမှာ စစ်ဆေးခံရပြီးမှ ၀င်ခွင့်ရရှိတဲ့ နေရာဖြစ်ပါတယ်။ အောင်ကိုကိုလတ် (နေပြည်တော်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013