မင်းတုန်းမြို့နယ်တွင် စက်လှေတိမ်းမှောက်မှုကြောင့် ကျောင်းသူ ၄ ဦး ပျောက်ဆုံးနေ
DVB
·
July 13, 2019
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်မှာ စက်လှေတိမ်းမှောက်တာကြောင့် ကျောင်းသူ ၄ ဦး ပျောက်ဆုံးနေတယ်လို့ မင်းတုန်းမြို့မရဲစခန်းက သိရပါတယ်။
ဇူလိုင် ၁၂ နေ့လယ်ပိုင်းက မင်းတုန်းမြို့ အမှတ် ၁ ရပ်ကွက်နဲ့ မင်းတုန်းချောင်း အနောက်ဘက်ကမ်း ပေါက်ကိုင်းကျေးရွာကို ပြေးဆွဲတဲ့ စက်လှေတစီးဟာ ကျောက်ဆောင်ကို ရှောင်တိမ်းရာကနေ တိမ်းမှောက်ခဲ့တာဖြစ်ပြီး စက်လှေပေါ်မှာ လူ ၁၈ ဦးတင်ဆောင်လာတာပါ။
၇ တန်းကျောင်းသူ ၂ ဦး၊ ၉ တန်းကျောင်းသူ ၂ ဦး ရှာမတွေ့သေးတာကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ဌာနဆိုင်ရာတွေ၊ လူမှုရေးအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ ရှာဖွေနေကြတယ်လို့ မင်းတုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက ပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး စက်လှေမောင်းသူ ကိုဇာနည်အောင်ကို မင်းတုန်းမြို့မရဲစခန်းမှာ ပေါ့ဆစွာ မဆင်မခြင်မောင်းနှင်မှု နဲ့ အမှုဖွင့်အရေးယူထား တယ်လို့သိရပါတယ်။
ကိုလင်း(ချောက်)
ဓာတ်ပုံ-ဦးအေးလှိုင်ဦး