Home
မြန်မာသတင်း
မွန်ပြည်နယ်တွင်  မြို့မြေငှားဂရန် ထုတ်ပေးရန် စတင်ဆောင်ရွက်
DVB
·
July 13, 2019
may
မွန်ပြည်နယ် ၁၀ မြို့နယ်စလုံးမှာ မြို့မြေငှားဂရန် ထုတ်ပေးဖို့ စတင်ဆောင်ရွက်နေပြီလို့ မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။ ဇူလိုင် ၁၁ ရက်နေ့က မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာ ပထမဆုံးအနေနဲ့မြို့မြေငှာရမ်း ထုတ်ပေးတဲ့ အခမ်းအနားရဲ့ အဖွင့်အမှာစကားမှာ ပြောဆိုခဲ့တာပါ။ အခုလို တစ်ပြည်နယ်လုံးမှာ မြို့မြေငှားဂရန် ထုတ်ပေးနိုင်ဖို့အတွက်စီမံချက် ရေးဆွဲထားပြီး ၂၀၂၀ မေလကုန်မှာ မြေတိုင်းတာတဲ့ လုပ်ငန်းစဉ်ပြီးဆုံးမှာလို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။ ဒါ့အပြင် မြို့မြေငှာဂရမ်းတွေ လာမယ့် ၂၀၂၀ အကုန်မှာ အပြီးလုပ်ဆောင်ပေးနိုင်အောင် ကြိုပမ်းနေတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ အခုလို မြို့မြေငှားဂရန် ရရှိလာခြင်းကြောင့် သားစဉ်မျိုးဆက် အမွေဆက်ခံတဲ့နိုင်အပြင် စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ရာမှာလည်း မြေငှားဂရန်တွေကို ဘဏ်တွေမှာ ပေါင်နှံပြီး ချေးငွေထုတ်ယူနိုင်တော့မယ်လို့ ပြောပါတယ်။ မြို့မြေငှားဂရန် ထုတ်ပေးမှုကို အစိုးရအဖွဲ့က သံဖြူဇရပ်မြို့နယ်ကို ပထမဆုံးအနေနဲ့ စတင် လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ မြို့ပေါ် ၁၀ ရပ်ကွက်စလုံးကို အခုနှစ်အတွင်းထုတ်ပေးဖို့ အစိုးရအဖွဲ့က စီစဉ်ထားတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013