Home
မြန်မာသတင်း
လေးမြို့မြစ်ရေ  မြောက်ဦးမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ
DVB
·
July 12, 2019
66690209_1345835818904826_1599424410618429440_n
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ လေးမြို့မြစ်ရေဟာ ဒီနေ့မြန်မာစံတော်ချိန် ၂ နာရီခွဲ အချိန်တိုင်းထွာချက်အရ မြို့ရဲ့စိုးရိမ်ရေမှတ်အထက် ၄ ပေခွဲခန့်ကို ကျော်လွန်ရောက်ရှိနေတယ်လို့  မိုးဇလက ထုတ်ပြန်ပါတယ်။ အဆိုပါမြစ်ရေဟာ နောက် ၂ ရက်အတွင်း ၁ ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ မြောက်ဦးမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ စစ်တောင်းမြစ်ရေဟာလည်း မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့် ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပါတယ်။ ကုလားတန်မြစ်ရေဟာလည်း ကျောက်တော်မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့် ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်း ပါတယ်။ ဒါကြောင့် အဆိုပါမြို့နယ်တွေရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013