Home
မြန်မာသတင်း
မြို့ ၃ မြို့၏မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ
DVB
·
September 8, 2018
md
တောင်ငူ၊ မဒေါက်နဲ့ ဘားအံမြို့တို့ရဲ့ မြစ်ရေ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီနေ့ မြန်မာစံတော်ချိန် ၁၃:၃၀ နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေလောက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်းနိုင်ပါတယ်။ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲလောက် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့်ကျဆင်းနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၄ ပေခွဲလောက် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ပေဝက်လောက် ကျဆင်းနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ မဒေါက်မြို့နှင့် ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူး သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013