Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင် ရေကြီးနေ၊ လူဦးရေ ၄၆၀ ကျော် ယာယီပြောင်းရွှေ့
DVB
·
July 12, 2019
64918082_3314657858559805_6404066189915455488_n
ကချင်ပြည်နယ်မှာ ဇူလိုင် ၁၁ ရက်က မိုးရွာသွန်းပြီး ရေကြီးတာကြောင့် လူဦးရေ ၄၆၀ ကျော် ယာယီပြောင်းရွှေ့ခဲ့ရပြီး စာသင်ကျောင်းတချို့လည်း ပိတ်ထားရပါတယ်။ တနိုင်းမြို့နယ်မှာ မိုးရွာသွန်းပြီး တနိုင်းချောင်းရေ မြင့်တက်လာလို့ ဆင်မ်ဆာ့ရပ်ကွက်နဲ့ လမုန်ကျေးရွာတို့မှာ ရေအနက် ၃ ပေမှ ၅ ပေလောက်အထိ ရေတွေ ဝင်ရောက်ခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မြို့နယ်တာဝန်ရှိသူတွေကတော့ ရေဘေးသင့်တဲ့သူတွေကို လိုက်လံ ကူညီကယ်ဆယ်ပေးနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ပြောပါတယ်။ “ကျနော်တို့ဆီမှာက တပြင်လုံးရေကြီးနေတာ။ ဒုက္ခသည်တွေတော့ မရှိသေးပါဘူး။ သူတို့အိမ်တွေမှာတော့ ကျနော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေသွားပြီးတော့ လိုအပ်တာလေးတွေ ကူလုပ်ပေးနေပါတယ်။ အောက်မှာ ချင်းတွင်းမြစ်တို့ဘာတွေ ရေကျရင်တော့ ကျမယ်။ ရေမကျရင်တော့ ကျမှာမဟုတ်ဘူး။ အောက်မှာ ရေထောက်လို့ ကျနော်တို့ဆီမှာရေကြီးတာ။” အလားတူ ဗန်းမော်မြို့နယ်မှာလည်း မိုးရွာသွန်းပြီး ဧရာဝတီမြစ်ရေ မြင့်တက်လာလို့ ဆူးပုတ်ကုန်းကျေးရွာပါ ၃ ရွာမှာ ရေအနက် ၁ ပေမှ ၃ ပေလောက် ဝင်ရောက်နေပြီး စာသင် ကျောင်း ၃ ကျောင်း ယာယီပိတ်ထားရပါတယ်။ ဝိုင်းမော်မြို့နယ်မှာတော့ မိုးရွာသွန်းပြီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့်  ၁ ရပ်ကွက်နဲ့ ၃ ရပ်ကွက်တို့က လူဦးရေ ၅၀ လောက်ကို အ.ထ.က ၂ နဲ့ အောင်ချမ်းသာဘုန်းကြီးကျောင်းမှာ ယာယီပြောင်းရွှေ့နေကြရပါတယ်။ မြစ်ကြီးနားမြို့နယ်မှာလည်း မိုးရွာသွန်းပြီး ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ပမ္မတီးရပ်ကွက်ပါ ၃ ခု တို့မှာ ရေအနက် ၃ ပေမှ ၅ ပေလောက် ဝင်ရောက်တာကြောင့် လူဦးရေ ၄၀၀ ကျော် ဘုန်းကြီးကျောင်းတွေမှာ ယာယီပြောင်းရွှေ့နေရတယ်လို့ ပြည်ထဲရေးသတင်းအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013