Wisdom Hill မူကြိုကျောင်းသူအမှု အမှုမှန်ပေါ်ပေါက်ရေး အင်းစိန်တွင် ဆန္ဒပြ
ဇေယျာချမ်းအေး
·
July 6, 2019
နေပြည်တော် Wisdom Hill မူကြိုမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ မိန်းကလေးငယ်အတွက် လူအင်အားတထောင်ကျော် ပါဝင်တဲ့ ဆန္ဒ္ဒထုတ်ဖော်ပွဲကို ဇူလိုင် ၆ ရက်နေ့ မနက်ပိုင်းက အင်းစိန်မြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ စော်ဘွားကြီးကုန်းကျောက်တော်ကြီးဘုရားကနေ အင်းစိန် CID ရုံးရှေ့အထိ လမ်းလျှောက်ခဲ့ကြတာပါ။
“ဗစ်တိုးရီးယားအမှု အမှန်အတိုင်းပေါ်ပေါက်ရေး၊ နောက်ထပ် ဗစ်တိုးရီးယားတွေ ထပ်မပေါ်ပေါက်ရေး” စတဲ့ကြွေးကြော်သံတွေကို ဆန္ဒပြသူတွေက ဟစ်ကြွေးခဲ့ကြပါတယ်။
နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းမှာ မေ ၁၇ ရက်နေ့ အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တယောက် မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားတဲ့အကြောင်း ဒက္ခိဏခရိုင် တရားရုံး၊ ဒုတိယတရားသူကြီး ဦးညိုဌေးက အတည်ပြု ပြောကြားထားပါတယ်။
ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့ရဲ့ ယူဆချက်ကို မကျေနပ်တဲ့အတွက် ဆန္ဒပြတာလည်းဖြစ်ပါတယ်။