Home
မြန်မာသတင်း
တရုတ်တွင် မြန်မာအလုပ်သမား ၇ ဦး မှိုအဆိပ်သင့်၊ ၁ ဦးသေဆုံး 
နန်းမြနဒီ
·
June 27, 2019
yn
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင် တဖက်ကမ်း တရုတ်ပြည်ဘက်မှာ အလုပ်သွားလုပ်တဲ့ မြန်မာလုပ်သမား ၇ ဦးဟာ ကြံခင်းထဲပေါက်တဲ့မှိုတွေ ချိုးစားရာက အဆိပ်သင့်ပြီး ၁ ဦး သေဆုံးသွားပါတယ်။ အဆိပ်သင့်တဲ့ မြန်မာအလုပ်သမားတွေကို တရုတ်ဘက်ခြမ်းဆေးရုံက အခြေခံကုသပေးပြီး ဇွန် ၂၆ ရက်နေ့ညနေက မူဆယ်ဆေးရုံကို ပို့လာကြောင်း၊ မူဆယ်ဆေးရုံမှာ ကုသရေးကိရိယာတွေ မပြည့်စုံတဲ့အတွက် မန္တလေးဆေးရုံကြီးကို ဆက်လက်ပို့ဆောင်စဉ် လူနာ ၁ ဦး လမ်းခု လတ်မှာတင် အသက်ဆုံးရှုံးခဲ့တယ်လို့ မူဆယ်ကရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ “တရုတ်ပြည်ကနေပြီးတော့ ကြံစိုက်ခင်းထဲက အလုပ်သမား ၇ ယောက်။ ယောက်ျား ၄  ယောက်၊ မိန်းကလေး ၃ ယောက် ကြံခင်းထဲပေါက်တဲ့ မှိုစားပြီးတော့ အဆိပ်သင့်တာပေါ့နော်၊ တရုတ်ပြည်ထဲမှာ ကျောက်ကပ်ဆေးပေးတေယ်  အစာအိမ်ခွဲပြီးတော့ ဆေးကုပေးတယ်၊ ပြီးတော့ မနေ့က မြန်မာပြည်ဘက်ကို ပြန်လွှဲလာတယ်။ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက အကြောင်းကြားလို့ ကျနော်တို့အဖွဲ့က မူဆယ်ဆေးရုံကို ပို့ပေးတယ်၊ ညနေ ၅ နာရီ ၄၅ မိနစ်မှာတော့ မူဆယ်ဆေးရုံကနေပြီး မန္တလေးဆေးရုံ ဆက်ပို့ရတယ်။ ကျနော်တို့ ကရုဏာ လူမှုကူညီရေးအသင်းက ကား ၅ စီးနဲ့ ပို့နေတုန်း နမ့်ဖတ်ကာမရောက်ခင် ပန်ဂျလော့အတက်မှာ ဦးထွန်းထွန်းဦး ဆိုတဲ့တယောက်က ဆုံးပါးသွားပါတယ်။ ဒါကြောင့် သူ့ကို ဇာတိမြေ မကွေးတိုင်း စေတုတ္တရာမြို့နယ်ဘက် ပို့ဆောင်ပေးပြီး ကျန်တဲ့ ၆ ယောက်ကိုတော့ မန္တလေးဆေးရုံကို ဒီမနက် ၅ နာရီမှာ ပို့ဆောင်ရောက်ရှိခဲ့ပါတယ်။” မှိုအဆိပ်သင့်လူနာ ၆ ဦးအနက် ၁ ဦးမှာ အခြေအနေကောင်းသွားပြီဖြစ်ကြောင်း၊ ၂  ဦးမှာ အသက်အန္တရာယ် မစိုးရိမ်ရဘဲ ၃ ဦင်္းမှာတော့ လူးလိမ့်နေဆဲမို့ အခြေအနေမကောင်းဘူးလို့ သူက ဆက်ပြောပါတယ်။ အဆိုပါလူနာတွေဟာ မကွေးတိုင်း စေတုတ္တရာမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်ဘက်ကဖြစ်ပြီး  ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်နေ့က မှိုအဆိပ်သင့်ရာမှာ ဖြစ်ဖြစ်ချင်း သက်ဆိုင်ရာ မိဘဆွေမျိုးတွေဆီ အကြောင်းကြားခဲ့လို့ တချို့လည်း စိတ်ပူတာကြောင့် လိုက်လာကြတယ်လို့ ဦးသောင်းထွန်းက ပြောပါတယ်။ မြန်မာဘက်ခြမ်းက လူတွေ အများအပြား တရုတ်ပြည်ဘက်ကို အလုပ်သွားလုပ်နေကြပေမယ့် နှစ်နိုင်ငံဆိုင်ရာ အလုပ်သမားငှားရမ်းမှု စာချုပ်မရှိတာကြောင့် တရားမ၀င်လုပ်သားတွေအဖြစ် သွားရောက်လုပ်ကိုင်နေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013