Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း အားပျော့သွားပြီဟု မိုးဇလ ထုတ်ပြန်
DVB
·
June 22, 2019
wth
အနောက်ဘင်္ဂလားကမ်းခြေအနီးမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်ဟာ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားကမ်းခြေကို ဝင်ရောက်ခဲ့ပြီး အားပျော့သွားပြီလို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်နဲ့ချင်းပြည်နယ် တို့မှာ နေရာအနှံ့အပြား၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပြီး မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိမှာ ဖြစ်ပါတယ်။ နေပြည်တော်နဲ့ အနီးတ၀ိုက်အတွက်ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ အနီးတ၀ိုက်အတွက် ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013