Home
မြန်မာသတင်း
အင်းဒင်ရွာလူသတ်မှုကျူးလွန်သူများ သမ္မတလွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်ခြင်းမဟုတ်
DVB
·
June 1, 2019
uzh
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်ရွာ လူ ၁၀ ဦးအား သတ်မှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျခံနေရတဲ့ တပ်မတော်ာသား  ၇ ဦးဟာ သမ္မတလွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်တာမဟုတ်ဘဲ တပ်မတော်ရဲ့ တရားစီရင်ရေး လုပ်ငန်းစဉ်အရ လွတ်မြောက်တာလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက ပြောပါတယ်။ မေ ၃၁ ရက်နေ့က နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့ အစိုးရသုံးနှစ်ပြည့် သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။ “တပ်မတော်သား အရာရှိစစ်သည် ၇ ဦးက တပ်မတော် တပ်ဥပဒေအရ ပြန်ပြီးတော့ အယူခံတင်ပါတယ်၊ အသနားခံစာတင်ပါတယ်။ တင်တဲ့အပေါ်မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကနေပြီး စစ်ဥပဒေချုပ်ရုံးကို ပြန်ပြီးတော့ မေးမြန်းတယ်။ စစ်ဥပဒေချုပ်ရဲ့ ညွှန်ကြားခဲ့အရ ထောင်ဒဏ် ၁၀ နှစ်ကနေ  ၁ နှစ်ကို လျှော့ချလိုက်တယ်ဆိုတာ ကျနော်တို့ သိရပါတယ်။ ဆိုလိုတာက သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွှတ်တာမဟုတ်ပါဘူး။ တပ်မတော် အက်ဥပဒေအရ၊ နောက်တခုက တပ်မတော်တရားစီရင်ရေး လုပ်ငန်းစဉ်အရ လုပ်ဆောင်သွားတာဖြစ်ကြောင်း ဖြေကြားလိုပါတယ်။” ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ လူ ၁၀ ဦးအား သတ်ခဲ့မှုနဲ့ပတ်သက်ပြီး တပ်မတော်အရာရှိ ၄ ဦး နဲ့ အခြားအဆင့် ၃ ဦးကို ၂၀၁၈ မတ်လမှာ ထောင် ၁၀ နှစ်ကျခံခဲ့ရပြီး ၁ နှစ်မပြည့်ခင်မှာ ပြတ်လွတ်လာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ စက်တင်ဘာလက မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ ဘင်္ဂါလီ ၁၀ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013