Home
မြန်မာသတင်း
မြောင်းမြအကျဉ်းထောင်တွင် လူသတ်မှုဖြစ်
DVB
·
March 16, 2019
mm
မြောင်းမြအကျဉ်းထောင်အတွင်း အကျဉ်းသားအချင်းချင်းခိုက်ရန်ဖြစ်ပွားပြီး တဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ထောင်ဒဏ် ၁၅ နှစ်ကျနေတဲ့ အကျဉ်းသားက ထောင်ဒဏ် ၁၀ နှစ်ကျနေသူကို ၄ လက်မသံ ထုပြီးချွန်ထားတဲ့ သံချွန်နဲ့ ထိုးလိုက်တာကြောင့် သေဆုံးတာလို့ မြောင်းမြမြို့မ ရဲစခန်းမှူး ဒုရဲမှူး အောင်ဇော်မင်းက ပြောပါတယ်။ မြောင်းမြအကျဉ်းထောင် အမှတ် ၃ အိပ်ဆောင်မှာ မတ် ၁၄ ရက်နေပိုင်းက အကျဉ်းသား ၂ ဦး စကားများပြီး ထောင်ဒဏ် ၁၅ နှစ်ကျ ထွန်းထွန်းဦး (ခ) ဘွတ်ကလုံက ထောင်ဒဏ် ၁၀ နှစ်ကျ သိန်းအောင်ရဲ့ ၀ဲဘက်ရင်အုံနဲ့ ၀ဲဘက်ချိုင်းအောက်နေရာကို နှစ်ချက်ထိုးသွင်းခဲ့တာဖြစ်ပြီး မြောင်းမြဆေးရုံကို ပို့ဆောင်ကုသပေမယ့် သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ထွန်းထွန်းဦးကို မြောင်းမြရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကျော်စိုးမိုး၊ဘိုဘို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013