Home
မြန်မာသတင်း
ဖမ်းဝရမ်းထုတ်ခံထားရသည့် ဦးဝီရသူ ဘေးအန္တရာယ် ကင်းဝေးစေရန် ဆုတောင်း
DVB
·
May 31, 2019
wyt
ဆရာတော် ဦးဝီရသူ ကြုံတွေ့နေတဲ့ ဘေးအန္တရာယ်တွေ ကင်းဝေးစေဖို့အတွက် မေလ ၃၀ ရက်နေ့ ညနေပိုင်းအချိန်က မန္တလေးမြို့ အိမ်တော်ရာဘုရားမှာ ဆုတောင်းမေတ္တာပို့ခဲ့ကြပါတယ်။ အဲ့ဒီဆုတောင်းပွဲကို ဦးဝီရသူရဲ့ ဒါယိကာ ဒါယိကာမတွေက စုပေါင်းလုပ်ဆောင်တာဖြစ်ပြီး ဆရာတော် ဦးဝီရသူရဲ့ မွေးနံဖြစ်တဲ့ ရာဟုထောင့်မှာ လုပ်ခဲ့ပါတယ်။ ဆရာတော်တွေ့နေတဲ့ ဘေးဒုက္ခတွေ ငြိမ်းသွားအောင် စုပေါင်းဆုတောင်းတာပါလို့ ဆရာတော်ရဲ့ တပည့်ဖြစ်တဲ့ ဦးနိုင်က ပြောပါတယ်။ မေလ ၅ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေး ဆန္ဒထုတ်ဖော်ပွဲမှာ ဆရာတော်ဝီရသူ ဟောပြောချက်တွေကြောင့် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အနောက်ပိုင်းခရိုင် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ အဲ့ဒီလို ဦးတိုက်လျှောက်ထားတဲ့အတွက် ဆရာတော် ဦးဝီရသူကို နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ အနောက်ပိုင်းခရိုင်တရားရုံးက တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ဆရာတော် ဦးဝီရသူ သီတင်းသုံးတဲ့ မစိုးရိမ်တိုက်သစ်ထဲက ကျောင်းကို မေလ ၂၉ ရက်နေ့က သံဃာ့နာယက ဆရာတော်တွေနဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပေမယ့် ဖမ်းဆီးရမိတာ မရှိခဲ့ပါဘူး။ ရန်ကုန်တိုင်း သံဃာ့မဟာနာယကရုံးအနီးမှာလည်း ဦးဝီရသူကို ၀န်းရံတဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက ရွှေတိဂုံစေတီ အရှေ့ဘက်မုခ် စေတီတော်အောင်မြေမှာ ဦးဝီရသူ ဘေးကင်းဖို့ မေတ္တာပို့ ဆုတောင်းခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013